48MP ကင်မရာ ပါလာမယ့် Moto G 5G

Evan Blass က Moto G 5G ရဲ့ ဓါတ်ပုံကို မကြာခင်ကပဲ မျှဝေခဲ့ပါတယ်။ အခုတော့ သူ့ရဲ့ Specs တွေ ပေါက်ကြားထွက်ပေါ်လာပြီး သူဟာ သတင်းထွက်နေတဲ့ Moto Edge Lite ဖြစ်ပါတယ်။ သူ့ကို ဒီလ ၇ ရက်နေ့မှာ ပွဲအခမ်းအနားနဲ့ ကြေညာနိုင်ပြီး Moto G 5G Plus ကိုလည်း ချပြနိုင်ပါတယ်။ လက်ရှိမှာ Plus Version ရဲ့ သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။


Moto G 5G မှာ FHD+ မျက်နှာပြင်နဲ့ Dual Punch Holes ပါလာမယ်လို့ သတင်းထွက်လာပါတယ်။ 90Hz Refresh Rate နဲ့ 21:9 Aspect Ratio ထည့်ထားမှာပါ။ မျက်နှာပြင် အရွယ်အစားကို မသိရသေးပေမယ့် အရွယ်အစား အပြည့်အစုံမှာ 167.98 x 73.97 x 9.59 mm ဖြစ်ပြီး ၂၀၇ ဂရမ် အလေးချိန်ရှိပါတယ်။

အနောက်ဘက်မှာ 48MP Main , 5MP Macro , 8MP Ultrawide နဲ့ 2MP Depth ကင်မရာ ၄ လုံးပါလာမှာ ဖြစ်ပြီး Snapdragon 765 Chipset မောင်းနှင်ထားမှာပါ။ 4GB RAM နဲ့ microSD Slot ထောက်ပံ့ထားမှာပါ။ Android 10 OS မောင်းနှင်ထားမှာ ဖြစ်ပြီး 18W Charging ပါတဲ့ 4,800mAh ဘက်ထရီ ထည့်ထားမှာပါ။

Ref : gsmarena

%d bloggers like this: