Google ရဲ့ Nearby Sharing ကို Beta Testing လုပ်နေပြီ

Apple က အရွယ်အစား ကြီးမားတဲ့ မီဒီယာ ဖိုင်တွေကို လွယ်လွယ်ကူကူ မျှဝေနိုင်တဲ့ AirDrop ကို ဖန်တီးပေးထားပါတယ်။ Android မှာ NFC အခြေပြု ဖိုင်မျှဝေတဲ့ Android Beam ရှိပေမယ့် Bluetooth ကို သုံးထားတဲ့အတွက် အရမ်းနှေးပါတယ်။ အဲဒီအတွက် Google က Nearby Sharing ကို ဖန်တီးနေပြီး အခုဆိုရင် Beta Testing လုပ်နေပြီလို့ သတင်းထွက်လာပါတယ်။

Google Play Services ရဲ့ Beta Tester တွေအတွက် ဖြန့်ချိပေးနေပြီ ဖြစ်ပြီး အခုဆိုရင် Android Share Menu မှာ Nearby Option ကို မြင်ရပြီ ဖြစ်ပါတယ်။ Android Police က အဲဒီလုပ်ဆောင်ချက်ရဲ့ Screenshot တချို့ကို မျှဝေထားပါတယ်။ Setup လုပ်ပြီးတာနဲ့ Nearby Share က အနီးအနားက Device တွေကို ပြသပေးမှာ ဖြစ်ပြီး သင့် Contact တွေအတွက် Visibility Level ကို ရွေးချယ်နိုင်သလို အဲဒီလုပ်ဆောင်ချက်ကို ပိတ်ထားနိုင်ပါတယ်။

Nearby Sharing ကို ဖွင့်ထားရင် လူတစ်ယောက်က သင့်ထံ ဖိုင်တစ်ခု ပို့ချင်တာကို သင် သိမှာပါ။ သင်က Notification ကို နှိပ်ပြီး ဖိုင်ကို လက်ခံနိုင်ပါတယ်။ Google က လက်ရှိမှာ ဘာမှ သိပ်မပြောသေးပေမယ့် နောက်ပိုင်းမှာ Nearby Share အကြောင်း ရှင်းပြပေးမယ်လို့ ပြောထားပါတယ်။ အဲဒီလုပ်ဆောင်ချက်ကို Android 6 နဲ့ သူ့အထက် OS တွေမှာ ထည့်သွင်းပေးမှာပါ။

Google က Android Beam နေရာမှာ Nearby Sharing ကို အစားထိုးဖို့ ကြိုးစားနေတာ ၁ နှစ်လောက်ရှိပါပြီ။ XDA Developers က အဲဒီလုပ်ဆောင်ချက်ရဲ့ အလုပ်လုပ်ပုံကို သရုပ်ပြသထားပြီးပြီ ဖြစ်ပြီး Apple AirDrop နဲ့ အလုပ်လုပ်ပုံချင်း အရမ်းကို တူပါတယ်။ ဖိုင် ပေးပို့သူနဲ့ လက်ခံသူတွေဟာ Bluetooth နဲ့ WiFi ကို ဖွင့်ထားရမှာ ဖြစ်ပြီး Nearby Share ဟာ Android Share Menu မှာ ရှိနေမှာပါ။

Ref : gsmarena

%d bloggers like this: