Samsung Galaxy Z Flip 5G ကို TENAA မှာ တွေ့လာရပြီ

Samsung Galaxy Z Flip မှာ 5G မပါလာဘဲ 4G ပဲ ပါလာပါတယ်။ Samsung က Galaxy Z Flip ရဲ့ 5G မော်ဒယ်ကို ထုတ်လုပ်ရောင်းချမယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာ ကြာပါပြီ။ Samsung က မကြာခင်ကပဲ Galaxy Z Flip 5G ကို မှတ်ပုံတင်လိုက်ပြီလို့ XDA Developer က ပြောပါတယ်။ သူ့ကို ဩဂုတ်လမှာ ကျင်းပမယ့် Samsung Unpacked Event မှာ ကြေညာနိုင်ပါတယ်။

အခုတော့ သူ့ကို TENAA မှာ မှတ်ပုံတင်လိုက်ပြီ ဖြစ်ပြီး ဓါတ်ပုံတွေ ထွက်ပေါ်လာပါတယ်။ ကိုယ်ထည်ဟာ ငွေရောင် ဖြစ်ပြီး ဒီဇိုင်းက အရင်မျိုးဆက်နဲ့ တူပါတယ်။ အတွင်းဘက်မှာ 12MP နဲ့ အပြင်ဘက်မှာ 12+10MP ကင်မရာတွေ ထည့်သွင်းထားမှာပါ။ အတွင်းဘက်မှာ ၆.၇ လက်မ AMOLED 1080p မျက်နှာပြင်နဲ့ အပြင်ဘက်မှာ အရွယ်သေး 300x112p AMOLED မျက်နှာပြင် ထည့်သွင်းထားမှာပါ။ Snapdragon 865+ Chipset မောင်းနှင်ထားမယ်လို့ ထင်ပါတယ်။

အရင်က သူ့ကို Geekbench မှာ တွေ့လာရပြီး 8GB RAM ထည့်သွင်းထားပါတယ်။ Android 10 မောင်းနှင်ထားပြီး Samsung ရဲ့ အသစ်စက်စက် OneUI 2.5 အုပ်ထားနိုင်ပါတယ်။ လက်ရှိ 4G Version အတွက် Pandora Purple, Cyber Black, Sahara Gold နဲ့ Gray အရောင် ၄ မျိုးထုတ်လုပ်ထားပါတယ်။ Samsung က 5G Version အတွက် အညိုရောင် အသစ်ကို ထုတ်လုပ်ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။ Galaxy Z Flip 5G မှာ 128GB or 512GB Storage တွေ ပါလာမလားဆိုတာ စောင့်ကြည့်ရမှာပါ။ 3C က စာရင်းအရ 4G Version မှာလိုပဲ 5G Version မှာ 15W Charger ထည့်ထားမှာပါ။

Sam Mobile က အဲဒီဖုန်းကို 5G ဆက်သွယ်မှုရတဲ့ နိုင်ငံတွေမှာ ရောင်းချမယ်လို့ ပြောတဲ့အတွက် တရုတ်လည်း ပါဝင်လာမှာပါ။ Huawei Mate X Series တွေရဲ့ ပြိုင်ဖက် ဖြစ်လာနိုင်ပါတယ်။ လက်ရှိမှာ Huawei ရဲ့ ခေါက်ချိုးဖုန်း ဒီဇိုင်းတွေဟာ ရင်ခုန်စရာ သိပ်မကောင်းပါဘူး။

Ref : gizchina , gsmarena

%d bloggers like this: