OnePlus Nord ကို ဒေါ်လာ ၅၀၀ အောက်နဲ့ ရောင်းနိုင်

OnePlus Nord ရဲ့ သတင်းတွေ များစွာ ထွက်နေပါတယ်။ အခုတော့ OnePlus CEO Pete Lau က သူ့ကို ဒေါ်လာ ၅၀၀ အောက်နဲ့ ရောင်းမယ်လို့ အတည်ပြုလိုက်ပါတယ်။ မကြာခင်ကပဲ Android Central က အရှေ့ ကင်မရာ ၂ လုံးပါမယ်လို့ သတင်းပေးလိုက်ပါတယ်။ Huawei P40 မှာလို မျက်နှာပြင်ရဲ့ အထက်ဘယ်ဘက်နားမှာ Punch Hole နဲ့ ထွက်လာမှာ ဖြစ်ပြီး Nord ရဲ့ အရှေ့ဘက်မှာ 32MP နဲ့ 8MP Ultrawide ကင်မရာ ၂ လုံး ပါလာမယ်လို့ သတင်းထွက်လာပါတယ်။ ဒီသတင်းမှန်ခဲ့ရင် Nord ဟာ အရှေ့ ကင်မရာ ၂ လုံးပါတဲ့ OnePlus ရဲ့ ပထမဆုံး ဖုန်း ဖြစ်လာမှာပါ။

အရင်သတင်းတွေအရ OnePlus Nord ရဲ့ မျက်နှာပြင် အရွယ်အစားဟာ ၆.၄ လက်မ ကနေ ၆.၅ လက်မ အတွင်းရှိမယ်လို့ သိရပါတယ်။ OLED မျက်နှာပြင်ဖြစ်နိုင်ပြီး 90Hz Refresh Rate ထောက်ပံ့ထားနိုင်ပါတယ်။ အခြေခံအနေနဲ့ 6GB RAM နဲ့ 128GB Storge ထည့်သွင်းထားမှာ ဖြစ်ပြီး အနောက်ဘက်မှာ 64MP Main , 16MP Wide Angle နဲ့ 2MP Macro ကင်မရာ ထည့်ထားမှာ ဖြစ်ပါတယ်။ MediaTek Dimensity 1000L Chipset သို့မဟုတ် Snapdragon 765G Chipset မောင်းနှင်ထားပြီး ဖြစ်ပြီး Android 10 အခြေပြု Oxygen OS နဲ့ 4,000mAh ဘက်ထရီတွေ ပါလာနိုင်ပါတယ်။

အရင်ကတော့ အဲဒီ ဖုန်းကို OnePlus 8 Lite လို့ ခေါ်ခဲ့ပြီး အဲဒီနောက်မှာ OnePlus Z လို့ သိလာကြပါတယ်။ အခုတော့ OnePlus Nord ဆိုပြီး သတင်းထွက်လာတာ လအနည်းငယ်ကြာနေပါပြီ။ ကုမ္ပဏီက အဲဒီ စမတ်ဖုန်း ထွက်မယ်ဆိုတာ အသိပေးခဲ့ပြီး ဇူလိုင်လမှာ ကြေညာမယ်လို့ မကြာခင်က အတည်ပြုလိုက်ပါတယ်။ ကုမ္ပဏီရဲ့ စီအီးအို Pete Lau က အဲဒီ စမတ်ဖုန်း လာမယ်ဆိုတာကို ဖိုရမ်မှာ ပို့စ်တစ်ခုနဲ့ အသိပေးခဲ့တာပါ။

Ref : gizmochina

%d bloggers like this: