Samsung Galaxy Watch 3 ကို ဇူလိုင်လ ၂၂ ရက်နေ့ ကြေညာနိုင်

Samsung Galaxy Watch 3 ရဲ့ Specs နဲ့ ဓါတ်ပုံတွေ မကြာခဏ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုလည်း နာမည်ကျော် Evan Blass က သူ့ရဲ့ ဓါတ်ပုံတွေကို မျှဝေလိုက်ပြီး စမတ်နာရီမှာ 22, Wednesday ရက်စွဲကို တွေ့ရပါတယ်။ အဲဒီအတွက် နောက်လ ၂၂ ရက်နေ့မှာ ကြေညာနိုင်ပါတယ်။

အရင်သတင်းတွေအရ Galaxy Watch 3 အတွက် ၄၁ မီလီမီတာ အရွယ်အစား နဲ့ ၄၅ မီလီမီတာ အရွယ်အစား ထွက်လာမှာ ဖြစ်ပါတယ်။ ၁.၂ လက်မနဲ့ ၁.၄ လက်မ မျက်နှာပြင်တွေ အသီးသီး တပ်ဆင်ထားမှာ ဖြစ်ပြီး IP68 နဲ့ MIL-STD-810G စံနှုန်းတွေ ပါလာမှာပါ။ 1GB RAM , 8GB Storage ပါလာမှာ ဖြစ်ပြီး Chipset ကို မသိရသေးပါဘူး။ အရွယ်အစား ၂ မျိုးစလုံးအတွက် LTE Version တွေ ထုတ်လုပ်ထားမှာပါ။

စမတ်နာရီမှာ Tizen 5.5 OS အသစ် မောင်းနှင်ထားမယ်လို့ ထင်ရပါတယ်။ နှလုံးခုန်နှုန်း၊ သွေးတွင်း အောက်ဆီဂျင် ပမာဏနဲ့ အိပ်စက်မှု အခြေအနေတွေကို တိုင်းတာပေးနိုင်တဲ့ စွမ်းရည်တွေ ထည့်ထားမှာပါ။ Samsung က Active မော်ဒယ်တွေမှာ Capacitive Version ကို သုံးထားပြီးနောက်မှာ Samsung Galaxy Watch 3 မှာ Rotating Bezel ကို ပြန်သုံးမှာပါ။ နောက်လမှာ စမတ်နာရီကို Buds Live TWS နားကြပ်နဲ့အတူ ကြေညာနိုင်ပါတယ်။

Ref : gizmochina

%d bloggers like this: