Redmi K30i 5G ရဲ့ 8GB RAM Version ကို ဇူလိုင်လ ၁ ရက်နေ့ ရောင်းမည်

Redmi က မေလမှာ Redmi K30 5G ရဲ့ တန်ဖိုးနည်း မော်ဒယ် ဖြစ်တဲ့ Redmi K30i 5G ကို ကြေညာခဲ့ပါတယ်။ သူ့အတွက် 6/128GB ၁ မျိုးပဲ ကြေညာခဲ့တာ ဖြစ်ပြီး အခုတော့ Redmi က 8GB RAM Version ကို မနက်ဖြန် ရောင်းမယ်လို့ အတည်ပြုလိုက်ပါတယ်။

8GB RAM Version မှာ 256GB Storage ထည့်ထားပြီး ၁,၉၉၉ ယွမ် သတ်မှတ်ထားပါတယ်။ 6/128GB ကို ၁,၇၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၃ သိန်း ၉ သောင်းနဲ့ ၃ သိန်း ၅ သောင်း အသီးသီး ကျသင့်မှာပါ။ K30i 5G ရဲ့ Specs တွေကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ သူ့မှာ ၆.၆၇ လက်မ IPS LCD FullHD+ မျက်နှာပြင်ပါလာပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။

SD765G SoC မောင်းနှင်ထားပြီး LPDDR4x RAM နဲ့ UFS 2.1 Storage ပါပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပြီး 20MP+2MP Dual Selfie ကင်မရာ ပါလာပါတယ်။ အနောက်ဘက်မှာ 48MP+8MP+2MP+2MP ကင်မရာ ၄ လုံး ထည့်ထားပြီး 30W Fast Charging ပါတဲ့ 4,500mAh ဘက်ထရီ ထည့်ထားပါတယ်။ Android 10 OS အခြေပြု MIUI 11 မောင်းနှင်ထားပါတယ်။

Ref : gizmochina

%d bloggers like this: