Honor X10 Max ရဲ့ Full Specs Sheet နဲ့ ဈေးနှုန်း ထွက်ပေါ်လာ

Honor X10 Max ဟာ အရမ်းကို အရွယ်အစားကြီးတဲ့ စမတ်ဖုန်း ဖြစ်လာမှာဖြစ်ပြီး နောက်လ ၂ ရက်နေ့မှာ ကြေညာတော့မှာပါ။ အခုတော့ သူ့ရဲ့ Specs အပြည့်အစုံဟာ China Telecom ကနေ ထွက်ပေါ်လာပြီး Memory Options, ဈေးနှုန်းနဲ့ ပုံတွေ သိလာရပါပြီ။

TENAA ကနေ အရင်က ထွက်ခဲ့တဲ့ စာရင်းအတိုင်းပဲ သူဟာ စမတ်ဖုန်းတွေထဲမှာ အရွယ်အစား အရမ်းကြီးမားပြီး ၇.၀၉ လက်မ Full HD+ မျက်နှာပြင် ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ အရွယ်ကြီး 5,000mAh ဘက်ထရီနဲ့ အရှေ့ဘက်မှာ 8MP ဆဲလ်ဖီး ကင်မရာ ထည့်သွင်းထားမှာပါ။ Honor X10 Max မှာ Dimensity 1000+ Chipset ပါမယ်လို့ အရင်က သတင်းထွက်ခဲ့ပေမယ့် Chips မလုံလောက်တဲ့အတွက် Dimensity 800 Chipset ကိုပဲ Honor က ထည့်သွင်းဖို့ ဆုံးဖြတ်လိုက်တယ်လို့ သတင်းထွက်နေပါတယ်။

6/64GB , 6/128GB နဲ့ 8/128GB ၃ မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပြီး 22.5W Fast Charging ပါလာမှာပါ။ Android 10 အခြေပြု Magic UI 3.1.1 မောင်းနှင်ထားမှာပါ။ အနက်၊ အပြာနဲ့ ငွေရောင်တွေ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၃၂၅ ဒေါ်လာနဲ့ ရောင်းနိုင်ပြီး မြန်မာငွေ ၄ သိန်းခွဲလောက်ရှိနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: