OnePlus က ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ဖုန်းများစွာနဲ့ Bullets နားကြပ် အနည်းငယ်ကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ဒါပေမယ့် ကုမ္ပဏီက True Wireless Earbuds ကို မချပြသေးပါဘူး။ မကြာခင်က ဇူလိုင်လမှာ ကြေညာတော့မယ်လို့ သတင်းထွက်လာပြီး OnePlus Buds လို့ နာမည်ပေးထားမှာပါ။ အခုတော့ သူ့ရဲ့ ဓါတ်ပုံ ၁ ပုံထွက်လာပြီး အနက်ရောင် ဖြစ်ပါတယ်။ နားထဲ ထည့်သွင်းတပ်ဆင်ရတဲ့ နားကြပ် အမျိုးအစား ဖြစ်ပြီး ပတ်ဝန်းကျင်က အသံဆူညံမှုတွေကို ဖယ်ရှားပေးတဲ့ စွမ်းရည် ပါလာမှာပါ။
OnePlus ရဲ့ True Wireless Earbuds ဟာ AirPods နဲ့ အရမ်းကို တူပြီး ဒီဇိုင်း ဓါတ်ပုံတွေ အရင်ကလည်း ပေါက်ကြားထွက်ပေါ်ခဲ့ပါတယ်။ ဒီဇိုင်းက တော်တော်လန်းပြီး လက်တံတွေ ပါပါတယ်။ မိုက်ကရိုဖုန်းဟာ ပါးစပ်နားကို ပိုကပ်တဲ့အတွက် ဖုန်း ပြောရင် အသံကြည်လင်ပြတ်သားမှာပါ။
Actual design not just an illustration. https://t.co/xtnU6oZHN1
— Max J. (@MaxJmb) May 15, 2020
နားကြပ်ရဲ့ Specs နဲ့ နာမည်တွေ ပေါက်ကြားထွက်ပေါ်ခြင်း မရှိသေးပါဘူး။ သူနဲ့အတူ OnePlus Nord ကိုပါ ကြေညာနိုင်ပါတယ်။
Ref : gsmarena
You must log in to post a comment.