Samsung ရဲ့ ဈေးအပေါဆုံး 5G ဖုန်း ဖြစ်လာမယ့် Galaxy A42

Samsung က စွမ်းရည်သင့် 5G စမတ်ဖုန်းတွေ ဖြစ်တဲ့ Galaxy A71 5G နဲ့ Galaxy A51 5G တို့ကို နိုင်ငံများစွာမှာ ရောင်းချပေးထားပါတယ်။ အခုတော့ SamMobile က Samsung ဟာ သူ့ရဲ့ ဈေးအပေါဆုံး 5G စမတ်ဖုန်း ဖြစ်တဲ့ Galaxy A42 5G ကို နောက်နှစ် အစောပိုင်းမှာ ကြေညာမယ်လို့ ပြောပါတယ်။

SamMobile က Galaxy A42 ရဲ့ 4G Version မှာ 128GB Storage ပါလာမှာ ဖြစ်ပြီး လက်ရှိ ရောင်းချထားတဲ့ Galaxy A41 ထက် ၂ ဆ ပိုများသွားမယ်လို့ သတင်းပေးထားပါတယ်။

Samsung က ဒီနှစ် အစောပိုင်းမှာ Galaxy A51 5G နဲ့ Galaxy A71 5G ကို ကြေညာခဲ့ပြီး သူတို့မှာ Exynos 980 Chipset ထည့်ထားပါတယ်။ Samsung ဟာ Snapdragon 765G ပါတဲ့ Galaxy A71 5G ကို ပြီးခဲ့တဲ့ ၁ ပတ်က ကြေညာခဲ့ပါတယ်။ အဲဒီအတွက် SD765G ပါတဲ့ Galaxy A51 5G ကို နောက်လထဲ အမေရိကန်မှာ ရောင်းနိုင်တယ်လို့ မကြာခင်ကပဲ သတင်းထွက်လာပါတယ်။

Ref : gsmarena

%d bloggers like this: