iOS 14 Beta 1 မှာတွေ့ရတဲ့ ကုဒ်တွေအရ iPhone 12 Series မှာ 4K 240fps Video တွေ ရိုက်ကူးနိုင်မယ်လို့ သိရပါတယ်။ အဲဒါနဲ့အတူ 4K 120fps Video တွေကိုပါ ဖမ်းယူနိုင်မှာပါ။ 4K 240fps ဟာ အနှေး Video နဲ့ 4K 120fps ဟာ သာမာန် Video တွေကို ရိုက်ကူးနိုင်မှာပါ။ iPhone 11 Series မှာ 4K 60fps နဲ့ Full HD 240fps ပဲ ထောက်ပံ့ထားတာပါ။
As stated in the report, together with @EveryApplePro, we were able to discover evidence of 4k 120 and 4k 240 FPS video modes inside the latest iOS 14 Beta 1 filesystem.
In accordance to that, we believe that the upcoming iPhone will allow for 4k 120 FPS native video recording.— Pine (@PineLeaks) June 29, 2020
iPhone 12 Series ၅ လုံး ထုတ်လုပ်ထားမှာ ဖြစ်ပြီး ရိုးရိုး ၂ လုံး၊ Pro ၂ လုံးမှာ 5G ပါလာမှာပါ။ စွမ်းရည်နိမ့် LTE ၁ လုံးလည်း ထုတ်လုပ်ရောင်းချမှာ ဖြစ်ပြီး ရိုးရိုး iPhone 12 မှာ ၅.၄ လက်မ OLED မျက်နှာပြင်နဲ့ A14 Bionic Chip ထည့်ထားမှာပါ။
iPhone 12 Pro နဲ့ 12 Pro Max မှာ 120Hz မျက်နှာပြင် ပါလာနိုင်တယ်လို့ သတင်းထွက်နေပြီး အခုနောက်ပိုင်း Refresh Rate မြင့်မြင့်နဲ့ ထွက်လာတဲ့ Android ဖုန်းတွေကို လိုက်ဖိုက်မှာပါ။ iPhone 12 မှာတော့ 60Hz ပဲ ထည့်ထားမယ်လို့ သိရပါတယ်။
iPhone 12 Series အားလုံးမှာ ကိုယ်ထည်တွေ ပါးလွှာကြမှာ ဖြစ်ပြီး ၆.၇ လက်မ iPhone 12 Pro Max ဟာ ၇.၄ မီလီမီတာပဲ ထူမယ်လို့ သတင်းထွက်လာပါတယ်။ iPhone 11 Pro Max ရဲ့ အထူက ၈.၁ မီလီမီတာရှိပါတယ်။ ပါးလွှာတဲ့အတွက် iPhone 12 Models အားလုံးမှာ 4,400mAh ဘက်ထရီ ထက်မကြီးနိုင်ဘူးလို့ သိရပေမယ့် iPhone 11 Pro Max ရဲ့ 3,969mAh ဘက်ထရီထက် ပိုလန်းမှာပါ။
ref : gsmarena
You must log in to post a comment.