Huawei Mate 40 Series မှာ 120Hz အစား 90Hz Refresh Rate ပဲပါလာနိုင်

အမေရိကန်က Huawei အား စီးပွားရေး ပိတ်ဆို့တာကို နောက်ထပ် ၁ နှစ် တိုးမြှင့်ထားပါတယ်။ ဒါပေမယ့်လည်း Huawei က Mate 40 Series ကို စီစဉ်ထားတဲ့ အတိုင်း အောက်တိုဘာလမှာ ကြေညာနိုင်တယ်လို့ သတင်းထွက်နေပါတယ်။ မကြာခင်ကလည်း သူတို့ရဲ့ Specs တွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။ သူတို့မှာ 5nm Chip မောင်းနှင်ထားမှာ ဖြစ်ပါတယ်။


အခုတော့ Mate 40 Series မှာ P40 Pro Series ရဲ့ တူညီတဲ့ မျက်နှာပြင်မျိုး ထည့်ထားမယ်လို့ သတင်းထွက်လာပါတယ်။ အဲဒီအတွက် 1200x2649p နဲ့ 90Hz Refresh Rate ပါလာမှာ ဖြစ်ပြီး တခြား သတင်း ၁ ခုကတော့ 120Hz သုံးထားမယ်လို့ ပြောပါတယ်။

သူတို့မှာ 108MP Main ကင်မရာ ပါမယ်လို့ မကြာခင်က သတင်းထွက်ခဲ့ပြီး စွမ်းရည်မြင့် ဖုန်း ဖြစ်တဲ့အတွက် အလန်းစား ကင်မရာတွေ သုံးထားမှာ သေချာပါတယ်။ Huawei နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက Mate 40 နဲ့ Mate 40 Pro မှာ အဲဒီ ကင်မရာ ပါမယ်လို့ သတင်းထွက်လာတာဖြစ်ပြီး 9P Lens ဖြစ်တဲ့အတွက် ရုပ်ပုံ အရည်အသွေးက အရမ်းလန်းမှာ သေချာပါတယ်။ 108MP ကင်မရာ ပါတဲ့ တခြား စမတ်ဖုန်းတွေထက် ရုပ်ပုံ ပိုမို ကြည်လင်ပြတ်သားမှာ ဖြစ်ပါတယ်။

ကင်မရာမှာ အလန်းစား လုပ်ဆောင်ချက်တွေ ထည့်သွင်းထားမှာ သေချာပါတယ်။ ဒါပေမယ့် ဘယ်လို လုပ်ဆောင်ချက်တွေ ပါလာမလဲ ဆိုတာကို မသိရသေးပါဘူး။ လက်ရှိမှာ Mate 40 Series တွေ အကြောင်းကို ဒီလောက်ပဲ သိရပါသေးတယ်။ မကြာခင်မှာ သူတို့ရဲ့ သတင်းတွေ ပိုသိလာရနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: