Google Pixel 5 XL ရဲ့ Case ဓါတ်ပုံ ထွက်ပေါ်လာ

Google Pixel 5 XL ရဲ့ Case ဓါတ်ပုံ အွန်လိုင်းမှာ ထွက်ပေါ်လာပြီး ဖုန်း ဒီဇိုင်းကို ခန့်မှန်းလို့ရလာပါတယ်။ Slashleaks က ဓါတ်ပုံကို မျှဝေထားတာ ဖြစ်ပြီး Case နဲ့အတူ စမတ်ဖုန်းကိုလည်း မြင်ရပါတယ်။ ဓါတ်ပုံအရ Google Pixel 5 XL မှာ အနောက်ဘက် လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားမှာ ဖြစ်ပြီး Case အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာအတွက် အပေါက်ပါပါတယ်။ တည်နေရာက Pixel 3 XL နဲ့ တူပါတယ်။

ဒါ့အပြင် Pixel 5 XL မှာ 3.5mm နားကြပ်ပေါက်ပါလာမှာ ဖြစ်ပြီး စွမ်းရည်မြင့် ဖုန်းတွေထဲမှာ နားကြပ်ပေါက်ပါတာ တော်တော်ရှားသွားပါပြီ။ Pixel 4 XL မှာလည်း မပါလာခဲ့သလို လက်ဗွေရာ ကိရိယာ အစား 3D Facial Recognition နည်းပညာ သုံးထားပါတယ်။

Case ရဲ့ အနောက်ဘက်ဟာ ကြည်လင်ပြတ်သားပြီး ကင်မရာတွေအတွက် လေးထောင့် အပေါက်ပါလာပါတယ်။ Pixel 4 Series မှာလို အနောက်ကင်မရာ ၂ လုံး ထည့်ထားနိုင်ပါတယ်။ လက်ရှိမှာ သူ့အကြောင်း ဒီလောက်ပဲသိရပါသေးတယ်။ အရင်သတင်းတွေအရ Google Pixel 5 Series မှာ ကုန်ကျစားရိတ် သက်သာစေဖို့ SD865 အစား SD765G ပဲ ထည့်ထားမယ်လို့ သိရပါတယ်။ အောက်တိုဘာလလောက်မှာ ကြေညာလေ့ရှိပေမယ့် ကိုဗစ်ကြောင့် နောက်ကျသွားနိုင်ပါတယ်။

Ref : gizmochina

%d bloggers like this: