Xiaomi က 120Hz OLED Master TV ကို တရုတ်မှာ နောက်လ ၂ ရက်နေ့ ကြေညာမည်

Xiaomi က Master TV Series အသစ်ကို တရုတ်မှာ နောက်လ ၂ ရက်နေ့ ကြေညာမယ်လို့ ဝီဘိုကနေ ကြေညာလိုက်ပါတယ်။ Xiaomi က ပိုစတာ ၁ ခုနဲ့ အသိပေးလိုက်တာ ဖြစ်ပြီး TV မှာ OLED Panel တပ်ဆင်ထားမယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် 120Hz Refresh Rate နဲ့ Dolby Atmos Audio တွေ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Xiaomi က TV ရဲ့ အရွယ်အစားနဲ့ Resolution ကို မပြောသေးပါဘူး။ ဒါ့အပြင် TV မော်ဒယ် ဘယ်နှစ်မျိုး ကြေညာမလဲဆိုတာလည်း မသိရသေးပါဘူး။

Xiaomi က စွမ်းဆောင်ရည်မြင့် TV Brand ဖြစ်ဖို့အတွက် ကုန်ကျစားရိတ်ကို လျှော့ချထားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ Xiaomi က TV ဈေးကွက်မှာ နာမည်ကြီးတွေ ဖြစ်တဲ့ Samsung , LG နဲ့ Sony တို့ကို လိုက်ဖိုက်ဖို့ ရည်မှန်းထားပါတယ်။

Ref : gsmarena

%d bloggers like this: