Galaxy Fold Lite ကို ၂၀၂၁ ခုနှစ်ကျမှ ရောင်းချနိုင်

တောင်ကိုရီးယားက ထွက်လာတဲ့ သတင်းအရ Samsung ဟာ Galaxy Fold Lite ကို ၂၀၂၁ ခုနှစ်ကျမှ ရောင်းချနိုင်တယ်လို့ သိရပါတယ်။ ကိုရိုနာဗိုင်းရက်စ်ကြောင့် Samsung ရဲ့ ဖုန်း ရောင်းအားဟာ ဒီနှစ်ထဲမှာ ကျဆင်းနေပါတယ်။ အဲဒီအတွက် Galaxy Fold Lite ကို နောက်နှစ်ကျမှ ရောင်းတာ ဖြစ်နိုင်ပါတယ်။

Samsung က Galaxy Fold 2 ကို Galaxy Fold ထက် ဒေါ်လာ ၁၀၀ လျှော့ပြီး ရောင်းချမယ်လို့ ပြီးခဲ့တဲ့ လက သတင်းထွက်ခဲ့ပါတယ်။ ဒါပေမယ့် ဈေးကတော့ အရမ်းကြီးနေပါသေးတယ်။ အဲဒီအတွက် ဈေးချိုတဲ့ Galaxy Fold Lite ကို ထုတ်လုပ်ရောင်းချတာ ဖြစ်ပါတယ်။

သူ့ကို ဒေါ်လာ ၁၁၀၀ နဲ့ ရောင်းချမှာ ဖြစ်ပြီး ဒါဟာ Galaxy S20+ 4G ရဲ့ ဈေးနဲ့ တူပါတယ်။ ကုန်ကျစားရိတ် သက်သာစေဖို့ သူ့မှာ 4G ပဲ ထည့်ထားပါတယ်။ Galaxy S20 Series တွေမှာလို သူ့မှာ Snapdragon 865 Chipset မောင်းနှင်ထားမှာ ဖြစ်ပါတယ်။ 256GB Storage ပဲ ပါလာမှာ ဖြစ်ပါတယ်။

Galaxy Fold Lite မှာ Ultra Thin Glass (UTG) ပါလာမှာ မဟုတ်ပါဘူး။ အဲဒီအတွက် ရုပ်ထွက် အရည်အသွေးဟာ Z Flip လောက် ကောင်းမှာ မဟုတ်ပါဘူး။ အပြင်ဘက်မျက်နှာပြင်ဟာလည်း Galaxy Fold ရဲ့ ၄.၆ လက်မ ထက် ပိုသေးငယ်မှာပါ။

ဖုန်း ကိုယ်ထည်ကို အလူမီနီယမ်နဲ့ တည်ဆောက်ထားမှာ ဖြစ်ပြီး အပြင်ဘက်ကို ဖန်နဲ့ ဖုံးအုပ်ထားမှာပါ။ Mirror Black နဲ့ Mirror Purple ၂ ရောင် ထုတ်လုပ်ထားမှာပါ။ 5G ပါတဲ့ Galaxy Z Flip အတွက်လည်း Lite Model ကို ထုတ်လုပ်ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena

%d bloggers like this: