TENAA ကို ရောက်လာတဲ့ iQOO Z1x

iQOO Z1x ရဲ့ သတင်းတွေ ထွက်နေပေမယ့် iQOO ကတော့ အဲဒီဖုန်း အကြောင်း ရေငုံနှုတ်ပိတ်နေနေပါသေးတယ်။ အခုတော့ TENAA ကို ရောက်လာပြီ ဖြစ်တဲ့အတွက် မကြာခင် ကြေညာနိုင်ပါတယ်။ TENAA မှာ သူ့ရဲ့ အရွယ်အစားဟာ 164.20 x 76.5 x 9.06mm ဖြစ်ပြီး ၆.၅၇ လက်မ မျက်နှာပြင်နဲ့ 4,880mAh ဘက်ထရီ ပါလာမယ်လို့ ဖော်ပြထားပါတယ်။

သူ့မှာ Snapdragon 765G Chipset မောင်းနှင်ထားမယ်လို့ သတင်းထွက်နေတဲ့အတွက် 5G ဆက်သွယ်မှု ပါလာမှာပါ။ အရင် သတင်းတွေအရ 120Hz Refresh Rate ပါမယ်လို့ သိရတဲ့အတွက် ဖုန်း သုံးရင်၊ ဂိမ်း ကစားရင် မျက်နှာပြင် တုန့်ပြန်မှုက အရမ်းလန်းမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘက်ထရီ စားတဲ့အတွက် အရွယ်ကြီး ဘက်ထရီ ထည့်ပေးထားတာ ဖြစ်နိုင်ပါတယ်။ ဒီနေ့ခေတ်မှာ 5G နဲ့ မြင့်မားတဲ့ Refresh Rate တွေ ဖုန်းတော်တော်များများမှာ ပါလာကြပါပြီ။ စွမ်းဆောင်ရည်သင့် ဖုန်းတွေမှာတောင် ဒီလို လုပ်ဆောင်ချက်‌တွေ ထည့်ထားကြပါတယ်။

တရုတ်က 3C မှာ မှတ်ပုံတင်ထားတဲ့ သတင်းအချက်အလက်အရ 33W Fast Charging ပါမယ်လို့ သိရတဲ့အတွက် အားသွင်းနှုန်းက အရမ်းလန်းမှာပါ။ အနောက်ဘက်မှာ 48MP Triple ကင်မရာနဲ့ ဘေးဘက် လက်ဗွေရာ ကိရိယာ ပါလာနိုင်ပါတယ်။ မကြာခင်မှာ သူ့ရဲ့ သတင်းအချက်အလက်တွေကို ပိုမို သိလာရတော့မှာပါ။ သူ့မှာ 6GB/128GB ပါပြီး ၁,၃၉၈ ယွမ်နဲ့ ရောင်းမယ်လို့ သိရပါတယ်။ မနေ့ကပဲ သူ့ကို ဇူလိုင် ၂ ရက်နေ့မှာ ကြေညာမယ်လို့ သတင်းထွက်လာပါတယ်။

Ref : gsmarena

%d bloggers like this: