realme C11 ရဲ့ ဈေးနှုန်း ထွက်ပေါ်လာ

မနက်ဖြန်မှာ realme C11 ကို မလေးရှားနဲ့ အင်ဒိုနီးရှားမှာ ကြေညာတော့မှာ ဖြစ်ပါတယ်။ အခုတော့ အင်ဒိုနီးရှားမှာ ရောင်းမယ့် ဈေးနှုန်း ထွက်လာပါတယ်။ 2/32GB ကို အင်ဒိုနီးရှား ရူပီး ၁,၇၉၉,၀၀၀ နဲ့ 3/32GB ကို ၁,၉၉၉,၀၀၀ သတ်မှတ်ထားပြီး မြန်မာငွေ ၁ သိန်း ၇ သောင်းနဲ့ ၁ သိန်း ၉ သောင်းလောက် အသီးသီး ကျသင့်မှာပါ။ အဲဒီမှာ Mint Green နဲ့ Pepper Grey ၂ ရောင် ရောင်းမှာပါ။

အရင်ထွက်ခဲ့တဲ့ သတင်းတွေအရ သူ့မှာ အရွယ်ကြီး 5,000mAh ဘက်ထရီနဲ့ ၆.၅ လက်မ HD+ မျက်နှာပြင် ပါလာမှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ 13MP Main နဲ့ 2MP Depth ကင်မရာ ၂ လုံး ထည့်သွင်းထားပြီး Super Nightscape Mode ပါတဲ့အတွက် အလင်းရောင် နည်းပါးချိန်မှာ အရည်အသွေးမြင့် ရုပ်ပုံတွေ ဖမ်းယူပေးနိုင်ပါတယ်။

realme C Series တွေမှာ ကမ္ဘာ့ ပထမဆုံးတွေ ပါလာတတ်ပါတယ်။ C3 ဟာ Helio G70 ပါတဲ့ ကမ္ဘာ့ ပထမဆုံး ဖုန်း ဖြစ်ပြီး realme က MediaTek Helio G35 SoC ပါတဲ့ ကမ္ဘာ့ ပထမဆုံး ဖုန်းဟာ realme C11 ဖြစ်တယ်လို့ အတည်ပြုထားပြီးပါပြီ။ Android 10 အခြေပြု realme UI အုပ်ထားမှာပါ။

မကြာခင်က သူ့ရဲ့ အရှေ့နဲ့ အနောက်ဘက်ကို ရှင်းရှင်းလင်းလင်း ပြသထားတဲ့ ဓါတ်ပုံ ၁ ပုံ ထွက်ပေါ်လာပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၂ လုံးနဲ့ LED Flash ၁ လုံးကို လေးထောင့်ပုံ အကွက်ထဲမှာ ထည့်ထားပါတယ်။ အရွယ်သေး Notch ပါလာပြီး မျက်နှာပြင်အောက်က ဘောင်က လွဲပြီး ကျန်ပတ်လည်က ဘောင်တွေက ပါးလွှာပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာ မပါလာဘဲ အောက်ခြေမှာ နားကြပ် တပ်ဆင်ထားပါတယ်။

Ref : gizmochina

%d bloggers like this: