Facebook က သူထုတ်ထားတဲ့ App တွေမှာ Dark Mode ထည့်သွင်းပေးထားတာ တော်တော် ကြာနေပါပြီ။ Messenger မှာ ၂၀၁၉ မတ်လ၊ Instagram မှာ အရင်နှစ်ကုန်နဲ့ WhatsApp မှာ ပြီးခဲ့တဲ့ လအနည်းငယ်က ဖြန့်ချိပေးခဲ့ပါတယ်။ Facebook Lite မှာလည်း ရထားပြီ ဖြစ်ပေမယ့် ပင်မ Facebook မှာ မရသေးပါဘူး။ အခုတော့ Facebook က Mobile App မှာ Dark Mode ကို စမ်းသပ်နေတယ်လို့ အတည်ပြုလိုက်ပါတယ်။
Facebook appears to be rolling out Dark Mode… https://t.co/qSfDa8d51e
— Matt Navarra (@MattNavarra) June 26, 2020
Facebook က “Time on Facebook” လုပ်ဆောင်ချက်ကိုလည်း အဆင့်မြှင့်ဖို့ ပြုလုပ်နေပြီး Facebook သုံးတဲ့ အချိန် အရမ်းများနေရင် သင့်ကို သတိပေးမှာ ဖြစ်ပါတယ်။ ကိုရိုနာ ဗိုင်းရက်စ် Tracker ကိုလည်း နောက်ထွက်မယ့် Facebook App Update မှာ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။
အဲဒီလုပ်ဆောင်ချက် အသစ်တွေကို ဘယ်အချိန်မှာ တစ်ကမ္ဘာလုံးအတွက် ဖြန့်ချိမလဲဆိုတာ မသိရသေးပါဘူး။ Android App မှာ Dark Mode ကို မကြာခင် ရတော့မယ်လို့ ထင်ပါတယ်။
Ref : gsmarena