Honor 30 Youth Edition 5G ကို ဇူလိုင်လ ၂ ရက်နေ့ ကြေညာမည်

Honor 30 Series ရဲ့ အဖွဲ့ဝင်သစ် ၁ လုံးကို ကြေညာတော့မှာ ဖြစ်ပါတယ်။ Honor 30 Youth Edition 5G (Honor 30 Lite 5G) လို့ နာမည်ပေးထားပြီး သူ့ရဲ့ သတင်းတွေဟာ မေလကတည်းက ထွက်လာတာပါ။ အခုတော့ Honor က သူ့ကို ဇူလိုင်လ ၂ ရက်နေ့မှာ ကြေညာမယ်လို့ ဝီဘိုကနေ အတည်ပြုလိုက်ပါတယ်။ အဲဒီနေ့မှာပဲ Honor X10 Max ကို ချပြမှာပါ။

Honor က မျှဝေထားတဲ့ ပိုစတာမှာ အဖြူနဲ့ ခရမ်းရောင် ၂ မျိုးကိုတွေ့ရပြီး ၂ လုံးစလုံးဟာ အရောင်ပြောင်း ဒီဇိုင်း ဖြစ်ပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံးနဲ့ ဘေးဘက်လက်ဗွေရာ အာရုံခံ ကိရိယာ ထည့်သွင်းထားပါတယ်။

အဲဒီ စမတ်ဖုန်းမှာ Dimensity 800 Processor မောင်းနှင်ထားမယ်လို့ သတင်းထွက်နေပြီး အနောက်ဘက်မှာ 48MP Main ကင်မရာ ပါလာနိုင်ပါတယ်။ 16MP Selfie ကင်မရာနဲ့ 22.5W Fast Charging ပါတဲ့ 4000mAh ဘက်ထရီ ထည့်သွင်းထားနိုင်ပါတယ်။

Honor 30 Youth Edition 5G လို့ တရုတ်ပြင်ပမှာ ကြေညာနိုင်ပြီး တရုတ်မှာတော့ Honor 30 Lite 5G အနေနဲ့ ပွဲထုတ်နိုင်ပါတယ်။ တရုတ်မှာ မိတ်ဆက်ပြီးနောက်မှာ ရောင်းချနိုင်ပါတယ်။

Ref : gizmochina

%d bloggers like this: