Redmi 9A နဲ့ Redmi 9C ကို ၃၀ ရက်နေ့ ကြေညာမည်

Xiaomi Malaysia က Redmi 9A နဲ့ Redmi 9C ကို ဒီလ ၃၀ ရက်နေ့မှာ ကြေညာမယ်လို့ Facebook ကနေ သတင်းပေးထားပါတယ်။ သူတို့ ၂ လုံးဟာ အရမ်းကို ဈေးချိုမှာ ဖြစ်ပြီး Xiaomi က အရွယ်ကြီး ဘက်ထရီနဲ့ မျက်နှာပြင် ထည့်ထားမယ်လို့ အတည်ပြုထားပါတယ်။

သူတို့ ၂ လုံးရဲ့ Specs တွေ အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်နေတာ ကြာပါပြီ။ သူတို့မှာ တူညီတဲ့ ၆.၅၃ လက်မ LCD HD+ မျက်နှာပြင်နဲ့ အရွယ်ကြီး 5,000mAh ဘက်ထရီ ပါလာမှာပါ။ Redmi 9A မှာ 13MP Main ကင်မရာ ထည့်ထားမှာ ဖြစ်ပါတယ်။

Redmi 9C အတွက် မော်ဒယ် ၂ မျိုး ထုတ်လုပ်ထားမှာ ဖြစ်ပြီး ၁ မျိုးမှာ NFC မပါဘဲ အနောက်ဘက်မှာ 13 MP + 5 MP + 2 MP ကင်မရာတွေ ထည့်ထားမှာပါ။ NFC ပါတဲ့ မော်ဒယ်မှာ 13 MP + 2 MP ကင်မရာ ၂ လုံးပဲ ပါလာမှာပါ။ ဘယ်အလုံးကို မလေးရှားမှာ ရောင်းမလဲဆိုတာ မသိရသေးပါဘူး။ ၂ လုံးစလုံးမှာ USB-C Port , 3.5mm Audio Jack တွေ ထည့်ထားနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: