Xiaomi က 100W Fast Charge ကို မကြာခင် ဖုန်းတွေမှာ ထည့်ပေးတော့မည်

အရင်နှစ် မတ်လက Xiaomi ဟာ 100W Super Charge Turbo နည်းပညာကို သရုပ်ပြသခဲ့ပြီး လူတွေ အရမ်းကို ဆွံ့အသွားခဲ့ပါတယ်။ သူက ၁၇ မိနစ်အတွင်းမှာ 4000mAh ဘက်ထရီကို အားအပြည့်သွင်းပေးနိုင်ပါတယ်။ ဒါပေမယ့် သရုပ်ပြတာကလွဲပြီး အခုအချိန်အထိ ဖုန်းတွေမှာ မထည့်သွင်းပေးနိုင်သေးပါဘူး။

အခုတော့ တရုတ်က ထွက်လာတဲ့ သတင်းအရ Xiaomi ဟာ 100W Fast Charging ပါတဲ့ ဖုန်းကို ကြေညာမယ့် ပထမဆုံး ကုမ္ပဏီ ဖြစ်လာမယ်လို့ သိရပါတယ်။ အဲဒီ စမတ်ဖုန်းရဲ့ နာမည်ကိုတော့ မသိရသေးပါဘူး။ နောက်မျိုးဆက် စွမ်းရည်မြင့် ဖုန်းမှာ ပါလာမှာ သေချာပါတယ်။ တချို့သတင်းတွေက ဩဂုတ်လမှာ ကြေညာမယ့် Mi Mix 4 မှာ ထည့်သွင်းထားမယ်လို့ ပြောနေကြပေမယ့် မသေချာသေးပါဘူး။

Xiaomi ဟာ 100W Fast Charge ပါတဲ့ စမတ်ဖုန်း ကို ကမ္ဘာ့ ပထမဆုံး အနေနဲ့ ကြေညာနိုင်မလား ဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒီနည်းပညာသာ ဖုန်းတွေမှာ ပါလာခဲ့ရင် ဖုန်းတွေ ခဏခဏ အားသွင်းဖို့ မလိုတော့ပါဘူး။ တချို့ကလည်း တရုတ် Gaming စမတ်ဖုန်း ကုမ္ပဏီ ၄ ခုလောက်ဟာ 100W Fast Charge ကို စမ်းသပ်နေတယ်လို့ ပြောနေကြပါတယ်။ ဒီနည်းပညာပါတဲ့ ဖုန်းကို ဘယ်ကုမ္ပဏီက အရင်ထုတ်လုပ်နိုင်မလဲဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရမှာပါ။

Ref : gizchina

%d bloggers like this: