Xiaomi CEO Lei Jun က သူ့ အကြိုက်ဆုံး ဖုန်း ၃ လုံးကို ပြောပြ

Xiaomi CEO Lei Jun က သူ့ အကြိုက်ဆုံး Xiaomi ဖုန်း ၃ လုံးကို အများပြည်သူသို့ ချပြလိုက်ပါတယ်။ ပထမဆုံး ၁ လုံးက ၂၀၁၇ ခုနှစ်ထုတ် Xiaomi Mi Mix 2 Ceramic Version ဖြစ်ပြီး သူက အဲဒီ ဖုန်းဟာ Ceramic Solid Unibody ကို သုံးထားတဲ့ ကမ္ဘာ့ ပထမဆုံး ဖုန်းလို့ ပြောပါတယ်။

ဒုတိယ ၁ လုံးကလည်း ၂၀၁၇ ခုနှစ်ထုတ် ဖုန်း ဖြစ်ပြီး အဲဒါက Xiaomi Mi 6 Silver Edition ဖြစ်ပါတယ်။ သူက အနောက်ဘက် ဖန်မျက်နှာပြင်ကို မှန်လိုတောင် သုံးလို့ရတယ်လို့ ချီးမွမ်းပါတယ်။ နောက်ဆုံး ၁ လုံးက ဒီနှစ်ထုတ် စွမ်းရည်မြင့် Xiaomi Mi 10 Pro ဖြစ်ပြီး သူက ဒါဟာ Xiaomi ရဲ့ ပထမဆုံး တကယ့် တန်းဝင်တဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းလို့ ပြောပါတယ်။

ဈေးကွက်ထဲက စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းအားလုံးကို ယှဉ်နိုင်တဲ့ဖုန်း ဖြစ်ပြီး သူက Xiaomi Mi 10 Pro ကို ဖန်တီးတဲ့အချိန်မှာ ကုန်ကျစားရိတ် လျှော့ချဖို့ မစဉ်းစားခဲ့ဘူးလို့ ပြောပါတယ်။ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတွေကို ရူးရူးမူးမူး ကိုင်ချင်သူတွေအတွက် ရှယ်လုပ်ထားတာ ဖြစ်ပါတယ်။

Xiaomi ဟာ Mi 10 , Mi 10 Pro ကို မတ်လကုန်မှာ နိုင်ငံတကာမှာ ရောင်းချပေးထားပြီး သူတို့ဟာ အလန်းစား ဒီဇိုင်းတွေ ပိုင်ဆိုင်ထားပါတယ်။

Ref : gizchina

%d bloggers like this: