Microsoft က မြေပြင်စတိုးတွေ ပိတ်တော့မည်

Microsoft က ၂၀၁၅ ခုနှစ်မှာ မန်ဟတ်တန်က Apple Store နဲ့ ၅ ဘလောက်လောက်ပဲ ဝေးတဲ့ နေရာမှာ သူ့ရဲ့ အလန်းစား မြေပြင်စတိုးကို ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီ စတိုးမှာ Microsoft Surface ထုတ်ကုန်တွေနဲ့ မိတ်ဖက် ကုမ္ပဏီတွေရဲ့ ထုတ်ကုန်တွေကို ရောင်းချပေးခဲ့ပါတယ်။ Microsoft က Apple စတိုးတွေကို လိုက်ဖိုက်ဖို့ ရည်ရွယ်ခဲ့တာပါ။

အခုတော့ ၅ နှစ်လောက်အချိန်အတွင်းမှာပဲ Microsoft က မြေပြင်စတိုး အားလုံးကို ပိတ်တော့မယ်လို့ ကြေညာလိုက်ပါတယ်။ ကုမ္ပဏီက လန်ဒန်၊ နယူးယောက် စီးတီး ၊ ဆစ်ဒနီနဲ့ ရက်ဒ်မွန် တည်နေရာ ၄ ခုက စတိုးတွေကို Experience Center or Showroom အဖြစ် ပြောင်းလဲဖို့ စဉ်းစားနေပါတယ်။

Microsoft က ကိုရိုနာဗိုင်းရက်စ် ကပ်ရောဂါကြောင့် ဒီလို ပိတ်တာလားဆိုတာ မပြောပေမယ့် တစ်စိတ်တစ်ပိုင်း သက်ဆိုင်မယ်လို့ ထင်ပါတယ်။ Microsoft က အွန်လိုင်းကနေပဲ ထုတ်ကုန်တွေကို ဆက်လက်ရောင်းချမှာ ဖြစ်ပါတယ်။

Ref : tnw

%d bloggers like this: