SD765G ပါတဲ့ Samsung Galaxy A51 5G ထွက်ပေါ်လာ

Samsung က ဒီနှစ် အစောပိုင်းမှာ Galaxy A51 5G နဲ့ Galaxy A71 5G ကို ကြေညာခဲ့ပြီး သူတို့မှာ Exynos 980 Chipset ထည့်ထားပါတယ်။ Samsung ဟာ Snapdragon 765G ပါတဲ့ Galaxy A71 5G ကို ပြီးခဲ့တဲ့ ၁ ပတ်က ကြေညာခဲ့ပါတယ်။ အဲဒီအတွက် SD765G ပါတဲ့ Galaxy A51 5G ကို နောက်လထဲ အမေရိကန်မှာ ရောင်းနိုင်တယ်လို့ သတင်းထွက်လာပါတယ်။

Geekbench မှာ Galaxy A51 ရဲ့ Verizon Version ထွက်လာပါတယ်။ အဲဒီဖုန်းမှာ Snapdragon 765G SoC နဲ့ Android 10 OS ထည့်သွင်းထားပြီး 6GB RAM ပါလာပါတယ်။ WiFi Alliance မှာတော့ WiFi 802.11ac နဲ့ Android 10 OS ပါမယ်လို့ ဖော်ပြထားပါတယ်။ NFC Certification ရထားပြီ ဖြစ်တဲ့အတွက် NFC ပါမှာ သေချာပါတယ်။

Galaxy A71 5G ကို အမေရိကန်မှာ ၅၉၉ ဒေါ်လာနဲ့ ရောင်းပေးထားပြီး ဈေးအချိုဆုံး 5G စမတ်ဖုန်း ဖြစ်နေပါတယ်။ မကြာခင်မှာ Galaxy A51 5G က သူ့ကို နန်းချပြီး အမေရိကန်မှာ ဈေးအချိုဆုံး 5G စမတ်ဖုန်း ဖြစ်လာနိုင်ပါတယ်။

Galaxy A51 5G Exynos 980 Version နဲ့ SD765G Version တို့မှာ Chipset ကလွဲပြီး တခြား Specs တွေက တူညီနိုင်ပါတယ်။ အဲဒီအတွက် ၆.၅ လက်မ Infinity-O-S-AMOLED မျက်နှာပြင်၊ Full HD+ Resolution ၊ 6GB RAM ၊ 128GB Storage ၊ 48MP Quad ကင်မရာ၊ 32MP Selfie ကင်မရာနဲ့ 15W ပါတဲ့ 4,500mAh ဘက်ထရီတွေ ပါလာနိုင်ပါတယ်။

Ref : gizmochina

%d bloggers like this: