Redmi 9 ကို ဒီလ ၃၀ ရက်နေ့ တရုတ်မှာ ရောင်းမည်

Xiaomi ရဲ့ ဈေးအချိုဆုံးနဲ့ ရောင်းအား အကောင်းဆုံး Redmi Series အသစ်တွေကို မကြာခင်က တရုတ်မှာ ကြေညာခဲ့ပါတယ်။ အခုတော့ Redmi 9 ကို ဒီလ ၃၀ ရက်နေ့ တရုတ်မှာ ရောင်းပေးတော့မှာပါ။ 4/64GB ကို ၇၉၉ ယွမ်၊ 4/128GB ကို ၉၉၉ ယွမ်နဲ့ 6/128GB ကို ၁,၁၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၁ သိန်း ၅ သောင်း၊ ၁ သိန်း ၉ သောင်းနဲ့ ၂ သိန်း ၃ သောင်းလောက် အသီးသီး ကျသင့်မှာပါ။

Redmi 9 ရဲ့ အလန်းဆုံး အစိတ်အပိုင်းက ဘက်ထရီပါ။ 5,020mAh ဘက်ထရီ ပါတဲ့အတွက် ဘက်ထရီ သက်တမ်း အရမ်းလန်းမှာပါ။ USB-C Port နဲ့ 18W Charging ထောက်ပံ့ထားပါတယ်။ Redmi 9 မှာ ၆.၅၃ လက်မ LCD FullHD+ မျက်နှာပြင်ပါလာပြီး Helio G80 SoC မောင်းနှင်ထားပါတယ်။

Notch မှာ 8MP ကင်မရာ ထည့်ထားပါတယ်။ အနောက်ဘက်မှာ 13MP Main, 8MP Ultrawide , 5MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံးပါလာပြီး လက်ဗွေရာ ကိရိယာ ထည့်ထားပါတယ်။ ၁ သိန်းကျော်တန်ဖုန်းမှာ အနောက်ကင်မရာ ၄ လုံး ထည့်ထားတာက ရှယ်ပါပဲ။ အရောင် ၄ မျိုးထုတ်လုပ်ထားပြီး MIUI 11 ထည့်ထားပြီး MIUI 12 ကို နောက်လ ၃၀ ရက်နေ့လောက် ဖြန့်ချိပေးမယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ဒါပေမယ့် ဘူးထဲမှာ 10W Charger ပဲ ထည့်ထားတဲ့အတွက် ဒီထက်ပိုမြန်ချင်ရင် Charger ဝယ်ရမှာပါ။

Redmi 9 specifications

• 6.53-inch (2340 × 1080 pixels) Full HD+ LCD screen
• Octa Core MediaTek Helio G80 12nm processor (Dual 2GHz Cortex-A75 + Hexa 2GHz 6x Cortex-A55 CPUs) with up to 1000MHz ARM Mali-G52 2EEMC2 GPU
• 3GB LPPDDR4x RAM with 32GB (eMMC 5.1) / 4GB LPPDDR4x RAM with 64GB / 128GB (eMMC 5.1) storage / 6GB LPPDDR4x RAM with 128GB (eMMC 5.1) storage expandable memory up to 512GB with microSD
• Dual SIM (nano + nano + microSD)
• Android 10 with MIUI 11, upgradable to MIUI 12
• 13MP rear camera with f/2.2 aperture, LED flash, 8MP 118° ultra-wide angle lens with f/2.2 aperture, 2MP depth and 5MP 4cm macro camera with f/2.4 aperture
• 8MP front camera with f/2.0 aperture
• Fingerprint sensor, IR sensor
• 3.5mm audio jack, FM Radio, 0.7cc ultra-linear speakers with sonic dust removal
• Splash resistant (P2i coating)
• Dimensions: 163.32 x 77.01 x 9.1 mm; Weight: 198g
• Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5, GPS + GLONASS, NFC (Optional), USB Type-C
• 5020mAh battery with 18W fast charging

Ref : gsmarena

%d bloggers like this: