Samsung Galaxy Watch 3 ရဲ့ ဓါတ်ပုံ အသစ်တွေ ထွက်လာပြီ

Samsung Galaxy Watch 3 ရဲ့ Specs နဲ့ ဓါတ်ပုံတွေ မကြာခဏ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုလည်း ဓါတ်ပုံ အသစ်တွေ ထွက်လာပြီး အနက်နဲ့ ကြေးနီရောင် မော်ဒယ် ၂ ခုကို တွေ့ရပါတယ်။ ၄၁ မီလီမီတာနဲ့ ၄၅ မီလီမီတာ အရွယ်အစား အသီးသီး ရှိမယ်လို့ Tipster က သတင်းပေးထားပါတယ်။ နောက်လ ၂၂ ရက်နေ့မှာ ကြေညာမယ့် အထောက်အထားတွေလည်း ဓါတ်ပုံမှာ တွေ့ရပါတယ်။

ထိုင်း အာဏာပိုင် ဝက်ဘ်ဆိုက်က စာရင်းအရ Galaxy Watch3 အတွက် ၄၁ မီလီမီတာ အရွယ်အစား ထုတ်လုပ်ထားမယ်လို့ သိရပြီး FCC က စာရင်းအရ ၄၅ မီလီမီတာ အရွယ်အစားလည်း ထွက်လာမှာ ဖြစ်ပါတယ်။ ၁.၂ လက်မနဲ့ ၁.၄ လက်မ မျက်နှာပြင်တွေ တပ်ဆင်ထားမှာ ဖြစ်ပြီး IP68 နဲ့ MIL-STD-810G စံနှုန်းတွေ ပါလာမှာပါ။ 1GB RAM , 8GB Storage ပါလာမှာ ဖြစ်ပြီး Chipset ကို မသိရသေးပါဘူး။ အရွယ်အစား ၂ မျိုးစလုံးအတွက် LTE Version တွေ ထုတ်လုပ်ထားမှာပါ။ နောက်လမှာ စမတ်နာရီကို Buds Live TWS နားကြပ်နဲ့အတူ ကြေညာနိုင်ပါတယ်။ နှလုံးခုန်နှုန်း၊ သွေးတွင်း အောက်ဆီဂျင် ပမာဏနဲ့ အိပ်စက်မှု အခြေအနေတွေကို တိုင်းတာပေးနိုင်တဲ့ စွမ်းရည်တွေ ထည့်ထားမှာပါ။

Samsung က Active မော်ဒယ်တွေမှာ Capacitive Version ကို သုံးထားပြီးနောက်မှာ Samsung Galaxy Watch 3 မှာ Rotating Bezel ကို ပြန်သုံးမှာ ဖြစ်ပါတယ်။ မကြာခင်ကလည်း Screen On နေတဲ့ အချိန်မှာ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေ ပေါက်ကြားလာပါတယ်။

UI ဟာ အရင်မျိုးဆက်တွေနဲ့ အများကြီး မကွာခြားဘဲ Menu ကို Scroll လုပ်ဖို့ ၊ Recent Apps တွေ ကြည့်ဖို့နဲ့ UI ရဲ့ တခြား အစိတ်အပိုင်းတွေအတွက် Rotating Bezel ကို အများကြီး မှီခိုထားပါတယ်။ စမတ်နာရီမှာ Tizen 5.5 OS အသစ် မောင်းနှင်ထားမယ်လို့ ထင်ရပါတယ်။

Ref : gizmochina

%d bloggers like this: