Redmi Note 9 5G ရဲ့ Specs တွေ ထွက်ပေါ်လာ

Redmi Note 9 Series တွေကို တရုတ်ကလွဲကာ တခြား နိုင်ငံ တော်တော်များများမှာ ရောင်းပေးနေပြီး သူတို့ဟာ 4G ဖုန်းတွေ ဖြစ်ပါတယ်။ တရုတ်မှာတော့ 5G ဖုန်းတွေကိုပဲ အများစု ရောင်းပေးနေကြပါတယ်။ အခုတော့ Redmi Note 9 ရဲ့ 5G Version ကို တရုတ်မှာ ရောင်းမယ်လို့ သတင်းထွက်လာပြီး သူ့ရဲ့ Specs တွေလည်း ထွက်လာပါတယ်။

သူ့ရဲ့ Specs တွေကို ဝီဘိုမှာ Digital Chat Station က တင်ထားပေမယ့် ဖုန်း နာမည်ကို မပြောထားပါဘူး။ ဒါပေမယ့် Sudhanshu Ambhore က အဲဒီဖုန်းဟာ တရုတ်မှာ ရောင်းမယ့် Redmi Note 9 5G လို့ ပြောပါတယ်။ Redmi Note 9 5G မှာ LCD မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး အရွယ်အစားကို မသိရသေးပါဘူး။

120Hz Refresh Rate ပါတဲ့အတွက် မျက်နှာပြင် တုန့်ပြန်မှုက လန်းမှာဖြစ်ပြီး Snapdragon 765G Chipset မောင်းနှင်ထားမှာပါ။ 33W Fast Charging ထောက်ပံ့ထားတဲ့ 5,000mAh ဘက်ထရီ ထည့်ထားမှာ ဖြစ်ပြီး 48MP ကင်မရာ ပါလာမှာပါ။

Redmi Note 9 5G ကို ရောင်းမယ့် အချိန်ကို မသိရသေးပေမယ့် နောက်လလောက်မှာ ရောင်းချနိုင်ပါတယ်။ သူ့ရဲ့ Specs တွေကို ကြည့်ရင် ၁,၉၉၉ ယွမ်နဲ့ ရောင်းထားတဲ့ Redmi K30i 5G ထက် ဈေးသက်သာနိုင်ပါတယ်။

Ref : gizmochina

%d bloggers like this: