Instagram မှာ ကလေးတွေ ရောင်းလို့ အဖမ်းခံရတော့မယ့် အီရန် အမျိုးသားများ

Instagram မှာ ကလေး ၂ ယောက်ကို ရောင်းဖို့ ကြိုးစားတယ်လို့ သံသယရှိတဲ့အတွက် အီရန် အမျိုးသား ၃ ယောက်ကို ထိန်းသိမ်းထားပါတယ်။ တီဟီရန် ရဲဌာန အကြီးအကဲ Brig-Gen Hossein Rahimi က ကလေး ၁ ယောက်ဟာ ရက် ၂၀ သားလေးနဲ့ နောက် ၁ ယောက်ဟာ ၂ လသားလေးပဲ ရှိသေးတယ်လို့ ပြောပါတယ်။ ကလေးတွေကို ဒေါ်လာ ၅၀၀ နဲ့ ဝယ်ယူခဲ့ပြီး ဒေါ်လာ ၂၀၀၀ ကနေ ၂၅၀၀ ကြား ပြန်ရောင်းနေကြတာပါ။

သံသယ တရားခံ ၁ ယောက်က ဆင်းရဲတဲ့ မိသားစုတွေဆီကနေ ကလေးတွေ ဝယ်ယူပြီး ကလေး လိုချင်တဲ့ ချမ်းသာတဲ့ မိသားစုတွေဆီကို ပြန်ရောင်းတာလို့ ပြောပါတယ်။ Brig-Gen Rahimi က Instagram မှာ ကလေး ရောင်းတဲ့ ကြော်ငြာတွေ့ရတယ်ဆိုပြီး ရဲအရာရှိတွေကို သတင်းပေးခဲ့တာလို့ ပြောပါတယ်။

ရဲ အရာရှိတွေဟာ Instagram မှာ ဒီလိုလုပ်စားနေတဲ့ Page ပေါင်း ၁၀ ခုကနေ ၁၅ ခုအထိ တွေ့ခဲ့ရပြီး အခု ကလေး ၂ ယောက်ကို ကလေး သူငယ် စောင့်ရှောက်ရေး အဖွဲ့အစည်းတွေထံ ပေးပို့လိုက်ပါပြီ။ သံသယ တရားခံ ၁ ယောက်က ချမ်းသာတဲ့ မိသားစုတွေဆီကို ရောင်းတဲ့အတွက် ကလေးတွေရဲ့ အနာဂတ် ပိုကောင်းသွားမယ်လို့ ခုခံပြောဆိုပါတယ်။

အီရန်မှာ ကလေး ရောင်းစားတဲ့ အမှုတွေ အရင်ကလည်း ဖြစ်ပွားခဲ့ပါတယ်။ ငွေကြေးချို့တဲ့တဲ့ ကိုယ်ဝန်ဆောင်တွေကို မီးဖွားစားရိတ်ပေးပြီး ကလေး မွေးလာရင် ရောင်းစားတဲ့ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၄ ယောက်ကို ဒီနှစ် အစောပိုင်းမှာ ရဲတွေက ဖမ်းဆီးနိုင်ခဲ့ပါတယ်။

Ref : bbc

%d bloggers like this: