YouTube က TikTok ယှဉ်ပြိုင်ဖို့ ၁၅ စက္ကန့်ကြာ ဗီဒီယို Recording လုပ်ဆောင်ချက်ကို စမ်းသပ်နေ

Facebook နဲ့ Instagram က TikTok ကို လိုက်ဖိုက်ဖို့အတွက် Lasso နဲ့ Reels ကို ဖန်တီးထားကြပါတယ်။ YouTube ကလည်း ဒီပြိုင်ပွဲမှာ အမှီလိုက်လာတော့မှာ ဖြစ်ပြီး ၁၅ စက္ကန့်ကြာ ဗီဒီယို Recording လုပ်ဆောင်ချက်ကို စမ်းသပ်နေပါတယ်။

YouTube က ၁၅ စက္ကန့်ကြာ ဗီဒီယို အတိုတွေ ဖန်တီးနိုင်တဲ့ လုပ်ဆောင်ချက်ကို iOS နဲ့ Android User တချို့အတွက် ဖြန့်ချိပေးနေပါတယ်။ ၁၅ စက္ကန့်ကြာ ဗီဒီယိုတွေကို ဗီဒီယို ၁ ခု အဖြစ် ပေါင်းစပ်နိုင်မှာ ဖြစ်ပြီး YouTube က Mobile App ကနေ ဗီဒီယို အတိုများစွာကို လွယ်ကူစွာ ဖမ်းယူနိုင်မယ်လို့ ပြောပါတယ်။

YouTube က ဗီဒီယို အရှည်တွေကိုလည်း ဖုန်းရဲ့ Gallery ထဲကနေ တိုက်ရိုက် တင်နိုင်တယ်လို့ ပြောပါတယ်။ YouTube ကနေ ဗီဒီယို အတိုတွေ ဖန်တီးနိုင်ဖို့ ပြုလုပ်ပေးလိုက်တာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် TikTok ကို စိန်ခေါ်လိုက်တာပါ။ YouTube က TikTok ကို ယှဉ်ပြိုင်ဖို့ဆိုရင် ဒီလုပ်ဆောင်ချက်ကို လူများများ သုံးအောင် စွဲဆောင်နိုင်ရမှာ ဖြစ်ပါတယ်။ မဟုတ်ရင်တော့ YouTube Stories လုပ်ဆောင်ချက်လို လူသုံးနည်းသွားနိုင်ပါတယ်။

Ref : tnw

%d bloggers like this: