TikTok က ကြော်ငြာအတွက် TikTok for Business ကို ပြုလုပ်

TikTok က TikTok for Business Website ကို ဖန်တီးပေးလိုက်ပြီး စီးပွားရေးလုပ်ငန်းတွေအတွက် ကြော်ငြာတွေ ဖန်တီးနိုင်တဲ့ Tools များစွာကို ပံ့ပိုးပေးထားပါတယ်။ အရမ်းလန်းတဲ့ ကြော်ငြာတွေကို တီထွင်ဖန်တီးမှု ကောင်းကောင်းနဲ့ ပြုလုပ်နိုင်မှာ ဖြစ်တဲ့အတွက် လုပ်ငန်းရှင်တွေ သဘောကျကြမှာပါ။ Website မှာ Tips , Notes တွေကို ပံ့ပိုးပေးထားပြီး Creator Marketplace လို တခြား TikTok Tools တွေ ထည့်ထားပါတယ်။

လုပ်ငန်းရှင်တွေက ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေ ရောင်းအားကောင်းစေဖို့ TikTok ကို နည်းလမ်းမျိုးစုံနဲ့ အသုံးချနိုင်မှာ ဖြစ်ပါတယ်။ “Don’t Make Ads, Make TikToks” ဆိုတဲ့ ဆောင်ပုဒ်ကို Website မှာ အသုံးပြုထားပြီး TikTok Video တွေကနေ ကြော်ငြာတွေ ဖန်တီးဖို့ လှုံ့ဆော်ထားပါတယ်။

TikTok က AR Brand Effects & Partner Program ကိုလည်း ကြေညာလိုက်ပြီး User Video မှာ Brand Logo or Brand Product တွေကို စိတ်ဝင်စားစရာကောင်းတဲ့ Visual Effects တွေနဲ့ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ TikTok က အဲဒီလို 2D , 3D Effect တွေ ဖန်တီးဖို့အတွက် Bare Tree Media , Subvrsive, Tommy အပါအဝင် ကုမ္ပဏီများစွာနဲ့ ပူးပေါင်းထားပါတယ်။

TikTok က Marketers တွေအတွက် ဒေတာ အသေးစိတ်ကို ပြသပေးမယ့် Business Data Hub အသစ်ကိုလည်း ဖန်တီး‌နေပါတယ်။ TikTok ဟာ Facebook ရဲ့ ကြော်ငြာဈေးကွက်ကို လုယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : socialmediatoday

%d bloggers like this: