Asus ROG Phone 3 ရဲ့ Bluetooth ကို မှတ်ပုံတင်လိုက်ပြီ

Asus ရဲ့ နောက်မျိုးဆက် အလန်းစား Gaming ဖုန်း ဖြစ်တဲ့ ROG Phone 3 ဟာ Bluetooth Certification ရသွားပြီ ဖြစ်ပါတယ်။ Bluetooth SIG က စာရင်းအရ သူ့မှာ နောက်ဆုံးထုတ် Bluetooth 5.1 ပါလာမှာပါ။ အရင်က သူ့ကို WiFi Alliance နဲ့ EEC မှာ မှတ်ပုံတင်ထားပြီးပြီ ဖြစ်သလို Benchmark Database တွေမှာလည်း တွေ့ခဲ့ကြရပြီးပါပြီ။

သူ့မှာ မကြေညာရသေးတဲ့ Snapdragon 865+ Chipset မောင်းနှင်ထားမယ်လို့ သတင်းထွက်နေပြီး 8GB RAM နဲ့ 12GB RAM တွေ ရွေးချယ်နိုင်မှာပါ။ Asus ROG Phone 3 ရဲ့ Specs နဲ့ ဓါတ်ပုံတွေ မကြာခင်က ထွက်ပေါ်လာပြီး ၆.၅၉ လက်မ FHD+ OLED မျက်နှာပြင် ပါလာမှာ ဖြစ်ပါတယ်။ 144Hz Refresh Rate ထည့်ထားမှာ ဖြစ်တဲ့အတွက် မျက်နှာပြင် တုန့်ပြန်မှု အရမ်းလန်းမှာပါ။ 30W Fast Charging ထောက်ပံ့တဲ့ 6,000mAh ဘက်ထရီ ထည့်ထားမှာပါ။

ကင်မရာ ဒီဇိုင်းက အရင်မျိုးဆက်နဲ့ မတူတော့ဘဲ အားလုံးပေါင်း ကင်မရာ ၃ လုံးလောက် ပါလာနိုင်ပြီး ပင်မ ကင်မရာနဲ့အတူ Ultrawide နဲ့ Telephoto ကင်မရာ ၂ လုံး ထည့်ထားနိုင်ပါတယ်။ အနောက်ကင်မရာတွေကို အလျားလိုက် တပ်ဆင်ထားပါတယ်။ Cooling စနစ်နဲ့ အရွယ်ကြီး ဘက်ထရီ ပါတဲ့အတွက် ဖုန်းက တော်တော်ထူပါတယ်။ ၉.၈၅ မီလီမီတာ ထူပြီး ၂၄၀ ဂရမ် လေးတယ်လို့ သတင်းထွက်နေပါတယ်။

ဓါတ်ပုံမှာ ဖုန်း အနောက်ဘက်ရော အရှေ့ဘက်ကိုပါ ပြသထားပြီး အရှေ့ဘက်မှာ Notch နဲ့ Punch Hole တွေ မပါပါဘူး။ အနောက်ဘက် ဒီဇိုင်းဟာ ROG Phone 2 နဲ့ ဆင်တူပြီး မျက်နှာပြင် အထက်နဲ့ အောက်က ဘောင်တွေရဲ့ အရွယ်အစားနဲ့ ဒီဇိုင်း တူနေပါတယ်။ Asus က ROG Phone 3 ကို ဇူလိုင်လမှာ ကြေညာတော့မယ်လို့ အတည်ပြုထားပါတယ်။

Ref : gsmarena

%d bloggers like this: