DXOMark မှာ Redmi K20 Pro လောက် ရမှတ် မကောင်းတဲ့ iPhone SE 2020

Apple က မကြာခင်ကပဲ A13 Bionic Chipset ပါတဲ့ iPhone SE 2020 ကို ကြေညာခဲ့ပြီး iPhone 11 Series မှာ သုံးထားတဲ့ Chipset ဖြစ်ပါတယ်။ ဒါပေမယ့် iPhone SE 2020 ရဲ့ ကင်မရာတွေက သိပ်မကောင်းဘူးလို့ DXOMark က လေ့လာသုံးသပ်ထားပါတယ်။

DXOMark မှာ iPhone SE ဟာ အနောက်ကင်မရာအတွက် ၁၀၁ မှတ်နဲ့ အရှေ့ကင်မရာအတွက် ၈၃ မှတ် ရထားပါတယ်။ ပင်မ ကင်မရာဟာ ဓါတ်ပုံ အတွက် ၁၀၃ မှတ်နဲ့ ဗီဒီယိုအတွက် ၉၈ မှတ်ရသွားပြီး စုစုပေါင်း ၁၀၁ မှတ် ဖြစ်ပါတယ်။

iPhone SE မှာ အနောက်ကင်မရာ ၁ လုံးထဲ ပါတဲ့အတွက် Zoom နဲ့ Bokeh Shot တွေဟာ သိပ်မမိုက်ပါဘူး။ မြင်ကွင်းကျယ် ကင်မရာ မပါတာကလည်း ဒီနေ့ခေတ် စမတ်ဖုန်းတွေနဲ့ ယှဉ်ရင် အားနည်းသွားပါတယ်။ စုစုပေါင်း ရမှတ်ဟာ iPhone X , Pixel 3A တို့နဲ့ တူပေမယ့် ၁၀၂ မှတ်ရထားတဲ့ Redmi K20 Pro ထက် နည်းနေပါတယ်။

ref : gizmochina

%d bloggers like this: