UI Design ပြောင်းလဲသွားတဲ့ Google Photos

Google က Photos App အတွက် UI ကို ဆန်းသစ်ပြောင်းလဲထားတဲ့ Update ကို ဖြန့်ချိပေးလိုက်ပြီး Photo Gallery အစား အမှတ်တရတွေကို ခံစားကြည့်ရှုနိုင်အောင် ဖန်တီးပေးထားပါတယ်။ Update မှာ Tab ၃ ခုသုံးထားပြီး ဓါတ်ပုံတွေရိုက်ကူးထားတဲ့ တည်နေရာကို မြေပုံမှာ ပြသပေးထားသလို Memories အသစ်တွေ ထည့်ထားပေးပါတယ်။

Home Screen မှာ Photos , Search နဲ့ Library Tab ၃ ခုကို ပြသထားပြီး Photos Tab မှာ သင့် ဓါတ်ပုံနဲ့ ဗီဒီယို အားလုံးကို မြင်ရမှာပါ။ Thumbnail တွေကို ပိုကြီးအောင် လုပ်ထားပြီး Auto-playing ဗီဒီယို ပါလာပါတယ်။ Search Tab မှာ People , Places နဲ့ Things တွေကို လျှင်မြန်စွာ ရှာနိုင်ပြီး Map View အသစ် ထည့်ထားပါတယ်။ Library မှာ Albums , Favorites , Trash , Archive အပါဝင် Photos App ရဲ့ တခြား လုပ်ဆောင်ချက်တွေ ပါပါတယ်။

Search Tab မှာ ဓါတ်ပုံ၊ ဗီဒီယိုတွေ ရိုက်ကူးထားတဲ့ တည်နေရာကို မြေပုံနဲ့ ပြသပေးတဲ့ လုပ်ဆောင်ချက်ကို User တွေ အများဆုံး တောင်းဆိုထားကြတာ ဖြစ်ပြီး အခုတော့ Google က ဖြည့်ဆည်းပေးလိုက်ပါပြီ။ ဒီလုပ်ဆောင်ချက်ကို သုံးဖို့အတွက် Photos က Location History ကို On ရမှာဖြစ်ပြီး ဓါတ်ပုံ ရိုက်ကူးထားတဲ့ တည်နေရာကို အလိုလို ထည့်ပေးမှာပါ။

Memories အမျိုးအစား အသစ်တွေကို ထည့်ပေးထားပြီး Movies, Collages , Animations တွေကို Memories ထဲကို ပြောင်းထားပါတယ်။ Android , iOS အတွက် Update အသစ်ကို နောက်တစ်ပတ်မှာ ဖြန့်ချိပေးမှာပါ။

Ref : fonearena

%d bloggers like this: