Facebook က သတင်း အဟောင်းတွေကို မျှဝေရင် သတိပေးမည်

Facebook က ရက် ၉၀ ကျော်ကြာပြီ ဖြစ်တဲ့ သတင်း အဟောင်းတွေကို မျှဝေရင် သတိပေးမယ့် Notification Screen ကို ထည့်သွင်းပေးနေပြီလို့ ကြေညာလိုက်ပါတယ်။ Notification Screen ဟာ User တွေ သူတို့မျှဝေမယ့် အကြောင်းအရာတွေကို သတိထားမိစေဖို့ ဖြစ်ပါတယ်။

User တွေ ရက်ပေါင်း ၉၀ ကျော်နေတဲ့ သတင်းတွေကို မျှဝေပြီဆိုရင် အောက်ခြေကနေ Notification Screen ပေါ်လာပြီး သတိပေးမှာ ဖြစ်ပါတယ်။ User က အဲဒီ သတင်းဟာ အခုထက်ထိ လတ်ဆတ်နေတယ်လို့ ထင်ရင် မျှဝေနိုင်မှာပါ။

Facebook က “ ဌာနတွင်း သုတေသနအဖွဲ့ဟာ လပေါင်းများစွာ လေ့လာခဲ့ကြပြီး သတင်းတွေရဲ့ ရက်စွဲဟာ အရေးကြီးတယ်ဆိုတာ တွေ့ခဲ့ရပါတယ်။ ဒါမှသာ User တွေက သတိထားပြီး မျှဝေနိုင်မှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။ Instagram ကလည်း အလားတူ Pop-up Notification ကို ပြီးခဲ့တဲ့ နှစ်က ဖြန့်ချိပေးခဲ့ပါတယ်။

Facebook က လာမယ့် လအနည်းငယ်အတွင်းမှာ Notification Screen ကို တိုးချဲ့ စမ်းသပ်မှာ ဖြစ်ပါတယ်လို့ ပြောပါတယ်။ ကိုရိုနာ ဗိုင်းရက်စ်နဲ့ ပတ်သက်တဲ့ သတင်းတွေကိုလည်း အလားတူ လုပ်ဆောင်ချက်မျိုးနဲ့ ပြသပေးနေတယ်လို့ Facebook က ပြောပါတယ်။

Ref : fonearena

%d bloggers like this: