108MP ကင်မရာ ပါလာမယ့် Samsung Galaxy Note20 Ultra

Galaxy Note20 Series ကို ဩဂုတ်လ ၅ ရက်မှာ ကြေညာနိုင်ပြီး မိတ်ဆက်ပွဲကို အွန်လိုင်းကနေပဲ ပြုလုပ်နိုင်ပါတယ်။ အခုတော့ နာမည်ကျော် Roland Quandt က Samsung Galaxy Note20 Ultra မှာ 108MP Main ကင်မရာ ပါမယ်လို့ သတင်းပေးလိုက်ပြီး သူက အထောက်အထား ခိုင်မာတယ်လို့ ပြောပါတယ်။ ဒီလ အစောပိုင်းကလည်း IceUniverse က Samsung Galaxy Note20+ မှာ 108MP ကင်မရာပါမယ်လို့ သတင်းပေးခဲ့ပါတယ်။ ToF အစား Laser Focus Sensor ထည့်ထားမှာ ဖြစ်ပြီး ပင်မ ကင်မရာကို ထောက်ကူဖို့ ဖြစ်ပါတယ်။

အဲဒီ Sensor ဟာ Galaxy S20 Ultra မှာ ပါတဲ့ Samsung Bright HM1 ဖြစ်ပါတယ်။ 12MP ISOCELL Fast 2L3 ဟာ Ultrawide-angle Lens ဖြစ်ပြီး PDAF ပါလာမှာပါ။ Periscope Telephoto Lens လည်း ထည့်ထားမှာ ဖြစ်ပေမယ့် 13MP ပဲပါလာမှာပါ။

Samsung က Snapdragon 865 ကို ကောင်းကောင်း ယှဉ်နိုင်တဲ့ Exynos 992 ကို ဖန်တီးနေတယ်လို့ သတင်းထွက်နေပြီး Galaxy Note20 Series တွေမှာ သုံးမှာပါ။ 992 ကို Samsung ရဲ့ 6nm Manufacturing Process အသစ်ပေါ်မှာ တည်ဆောက်ထားမှာပါ။ တောင်ကိုရီးယား၊ အမေရိကန်နဲ့ တရုတ် ပြင်ပမှာ ရောင်းတဲ့ Galaxy S20 Series တွေမှာ Exynos 990 ကို သုံးခဲ့ပါတယ်။ Exynos 990 ဟာ Snapdragon Version တွေထက် စွမ်းအင်စားသုံးမှု များတယ်ဆိုပြီး သုံးစွဲသူတွေရဲ့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

Ref : gsmarena

%d bloggers like this: