Redmi 9A ကို 3C မှာ မှတ်ပုံတင်ထားပြီ

Xiaomi က Redmi 9 ကို မကြာခင်က ကြေညာထားပြီး Xiaomi က ဒီနှစ်မှာ Redmi 9 အပြင် 9A နဲ့ 9C တို့ကိုပါ ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။ အခုတော့ Redmi 9A ကို 3C မှာ မှတ်ပုံတင်လိုက်ပြီး သူဟာ 4G ဖုန်း ဖြစ်ပါတယ်။ 10W Charger ပါလာမှာ ဖြစ်ပြီး ဖုန်းက 18W Charging အထိ ထောက်ပံ့ထားမှာပါ။

အမေရိကန် ဆက်သွယ်ရေးကော်မရှင် (FCC) မှာ Redmi 9A လို့ ထင်ရတဲ့ စမတ်ဖုန်း ၁ လုံးရဲ့ သတင်းအချက်အလက် အနည်းငယ် မကြာခင်က ထွက်ပေါ်လာပါတယ်။ Redmi 9A မှာ 4,900mAh ဘက်ထရီ ထည့်သွင်းထားမှာပါ။ Redmi 9A ရဲ့ ပုံကြမ်းတွေကိုလည်း FCC မှာ ဖော်ပြထားပါတယ်။ FCC မှာ တခြား သတင်းအချက်အလက်တွေကို မတွေ့ရသေးပါဘူး။

မကြာခင်က Redmi 9A ရဲ့ သတင်းအချက်အလက် တချို့ တွစ်တာကနေ ထွက်လာပါတယ်။ ၆.၅၃ လက်မ LCD မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး Redmi 9 Series ထဲမှာ Redmi 9A ဟာ ဈေးအချိုဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ Redmi 8 Series ထဲမှာလည်း Redmi 8A ဟာ ဈေးအပေါဆုံး ဖြစ်ပါတယ်။

Redmi 9A မှာ 13MP အနောက်ကင်မရာ၊ 5MP အရှေ့ကင်မရာနဲ့ 3/32GB Memory ထည့်ထားမှာပါ။ Helio G25 Chipset မောင်းနှင်ထားပြီး HD+ Resolution ရှိပါတယ်။ USB-C Port ပါတဲ့အတွက် အားသွင်းရင် မြန်မှာဖြစ်ပြီး နားကြပ်ပေါက်၊ IR Blaster နဲ့ လက်ဗွေရာ အာရုံခံ ကိရိယာတွေ ထည့်ထားမှာပါ။

Ref : gsmarena

%d bloggers like this: