4K HDR Support ပါတဲ့ Xiaomi Mi TV Stick ကို Giztop မှာ စာရင်းတင်ထားပြီ

Google Chromecast နဲ့ Amazon Fire Stick ကို ယှဉ်ပြိုင်မယ့် Xiaomi Mi TV Stick ကို မကြာခင်က Gearbest နဲ့ Aliexpress တို့မှာ တွေ့ခဲ့ရပြီး အခုတော့ Giztop မှာ ၃၉ ဒေါ်လာနဲ့ စာရင်းတင်ထားပါတယ်။ မြန်မာငွေ ၅ သောင်းလောက်ကျသင့်မှာပါ။ သူ့ကို ကုမ္ပဏီက တရားဝင် မကြေညာရသေးပါဘူး။

Giztop က စာရင်းအရ သူ့မှာ 2GB RAM နဲ့ 4K HDR Support ပါမယ်လို့ ဖော်ပြထားပါတယ်။ Gearbest နဲ့ Aliexpress မှာ မော်ဒယ် ၂ မျိုးကို စာရင်းတင်ထားပြီး 2K HDR နဲ့ 4K HDR တို့ ဖြစ်ပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေအရ သူ့မှာ Amlogic S905 Quad-core Processor , 2GB RAM နဲ့ 8GB Internal Storage ပါလာမှာပါ။

Dual-band WiFi ပါတဲ့အတွက် 60Mbps ထက် မြန်မှာပါ။ HDMI 2.0 ပါတဲ့အတွက် Device မျိုးစုံနဲ့ ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။ Android TV မောင်းနှင်ထားမှာ ဖြစ်ပြီး 4K HDR, DTS-HD, Dolby Audio, Bluetooth 4.2, USB Type-C နဲ့ Bluetooth Voice Remote တွေ ထည့်ထားမှာပါ။ Netflix နဲ့ Prime Video အတွက် သီးခြား ခလုတ်တွေ ပါလာမှာပါ။

Xiaomi Mi TV Stick Technical Specifications:

• Resolution: 2K
• Audio decoder: DOLBY, DTS
• Audio format: MP3, AAC, Flac, OGG
• Photo Format: JPG, BMP, GIF, PNG, TIF
• Contents: Google Play, Netflix, YouTube, Prime video, etc.
• Bluetooth: Bluetooth 4.2
• Power Consumption: 5W
• WiFi: 2.4GHz and 5GHz dual-band WiFI
• Power SUpply: USB 2.0 Port

Ref : gizmochina

%d bloggers like this: