Redmi K40 ဟာ 5G စမတ်ဖုန်း ဖြစ်မည်

Xiaomi M2006J10C ရဲ့ သတင်းတွေ ထွက်လာပြီး Redmi K40 or Xiaomi Mi CC10 အနေနဲ့ ရောင်းချနိုင်ပါတယ်။ အရင်ကတော့ သူ့ကို 3C မှာ တွေ့ခဲ့ရပြီး 33W Charger ပါမယ်လို့ သိခဲ့ရပါတယ်။ Redmi K30 Pro မှာလည်း အဲဒီ 33W Charger ပဲ ထည့်ထားတာပါ။

အခုတော့ Redmi K40 ကို တရုတ် Wireless Regulator MIIT မှာ မှတ်ပုံတင်ထားပြီ ဖြစ်ပြီး 5G ဆက်သွယ်မှု ပါမယ်လို့ ဖော်ပြထားပါတယ်။ ဒါလည်း မထူးဆန်းပါဘူး။ Redmi K30 Series မှာတောင် 5G ထည့်ထားတာပါ။ Redmi K40 မှာ Snapdragon 800 Series Chip သုံးထားမှာ မဟုတ်ဘဲ Snapdragon 775 သုံးထားမယ်လို့ သတင်းထွက်နေပါတယ်။ 775 ကို ပြီးခဲ့တဲ့ တစ်ပတ်က ကြေညာမယ်လို့ သတင်းထွက်ခဲ့ပေမယ့် Snapdragon 690 ကိုပဲ ကြေညာသွားပါတယ်။ သူဟာ 600 Series ထဲမှာ ပထမဆုံး 5G Chipset ဖြစ်ပါတယ်။

K40 မှာ သုံးနိုင်မယ့် Qualcomm Chipset များစွာ ရှိပြီး Redmi K40 , K40 Pro တို့မှာ မတူညီတဲ့ Chipset တွေ ထည့်သွင်းထားနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: