Redmi 9 ကို တရုတ်မှာ ကြေညာပြီ

ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က ကြေညာခဲ့တဲ့ Redmi 9 ကို အခုမှပဲ မိခင်နိုင်ငံ တရုတ်မှာ ချပြလိုက်ပါတယ်။ 4/64GB ကို ၇၉၉ ယွမ်၊ 4/128GB ကို ၉၉၉ ယွမ်နဲ့ 6/128GB ကို ၁,၁၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၁ သိန်း ၅ သောင်း၊ ၁ သိန်း ၉ သောင်းနဲ့ ၂ သိန်း ၃ သောင်းလောက် အသီးသီး ကျသင့်မှာပါ။

အရောင် ၄ မျိုးထုတ်လုပ်ထားပြီး Redmi China Website , JD.com , Suning.com နဲ့ TMall ကနေ ဇွန်လ ၂၉ ရက်နေ့မှာ ရောင်းပေးမှာပါ။ Redmi 9 မှာ ၆.၅၃ လက်မ LCD FullHD+ မျက်နှာပြင်ပါလာပြီး Helio G80 SoC မောင်းနှင်ထားပါတယ်။ MIUI 11 ထည့်ထားပြီး MIUI 12 ကို နောက်လ ၃၀ ရက်နေ့လောက် ဖြန့်ချိပေးမယ်လို့ ကုမ္ပဏီက ပြောပါတယ်။

Notch မှာ 8MP ကင်မရာ ထည့်ထားပါတယ်။ အနောက်ဘက်မှာ 13MP Main, 8MP Ultrawide , 5MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံးပါလာပြီး လက်ဗွေရာ ကိရိယာ ထည့်ထားပါတယ်။ Redmi 9 မှာ 5,020mAh ဘက်ထရီ ပါတဲ့အတွက် ဘက်ထရီ သက်တမ်း အရမ်းလန်းမှာပါ။ USB-C Port နဲ့ 18W Charging ထောက်ပံ့ထားပါတယ်။ ဒါပေမယ့် 10W Charger ပဲ ထည့်ထားတဲ့အတွက် ဒီထက်ပိုမြန်ချင်ရင် Charger ဝယ်ရမှာပါ။

Ref : gsmarena

%d bloggers like this: