Apple tvOS 14 မှာ Multi-user Support နဲ့ Picture-in-picture ပါလာ

Apple က World Wide Developers Conference (WWDC) ကို မနေ့ကပဲ အွန်လိုင်းကနေ ကျင်းပခဲ့ပြီး iOS , iPadOS, watchOS နဲ့ tvOS အသစ်တွေကို ကြေညာခဲ့ပါတယ်။ tvOS 14 ဖြစ်ပြီး Apple TV Box မှာ ထည့်သွင်း အသုံးပြုတဲ့ ဆော့ဖ်ဝဲ ဖြစ်ပါတယ်။

tvOS 14 မှာ Multi-user Support ပါလာတဲ့အတွက် မိသားစုဝင်တွေ ကိုယ်ပိုင် အကောင့်တွေနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Picture-in-picture Mode ပါလာတဲ့ အတွက် App ၁ ခု သုံးနေရင်းကနေ တခြား အလုပ်တွေ လုပ်နိုင်မှာ ဖြစ်ပါတယ်။ AirPods နဲ့ Audio တွေ မျှဝေနိုင်ပြီး 4K Content တွေကို AirPlay ကနေ ဖွင့်ပေးနိုင်ပါတယ်။

Smart Light Bulbs အတွက် Adaptive Lighting ပါလာပြီး Face Recognition ပါတဲ့ HomeKit Cameras ကို ထောက်ပံ့ပေးနိုင်ပါတယ်။ Apple TV ဟာ YouTube မှာ 4K Resolution ကို ထောက်ပံ့လာပြီး Xbox Elite 2 နဲ့ Adaptive Controllers တွေကို ကိုင်တွယ်လာနိုင်ပါတယ်။ Apple က tvOS 14 ကို 4K နဲ့ HD Apple TV Boxes တွေအတွက် ဒီနှစ်နှောင်းပိုင်းမှာ ဖြန့်ချိပေးမှာပါ။

Ref : gsmarena

%d bloggers like this: