လက်ဆေးတာ စက္ကန့် ၂၀ မပြည့်သေးရင် သတိပေးမယ့် watchOS 7

Apple က WWDC မှာ watchOS 7 ကို ကြေညာလိုက်ပါတယ်။ watchOS 7 က Apple စမတ်နာရီတွေကနေ အိပ်စက်မှုကို တိုင်းတာပေးနိုင်ပြီး အပတ်စဉ် အိပ်စက်မှု အခြေအနေတွေကို ပြသပေးပါတယ်။ Wind Down Mode က စမတ်နာရီ သာမက iPhone မှာပါ အိပ်ချိန်ကို သတိပေးနိုင်ပြီး Sleep Mode မှာဆိုရင် စမတ်နာရီက Do Not Disturb ကို အလိုလို ဖွင့်ပေးမှာပါ။

watchOS 7 က လက်ဆေးရင် အလိုလို သိရှိပြီး စက္ကန့် ၂၀ ကြာအောင် ဆေးဖို့ သတိပေးနိုင်လာပါတယ်။ စက္ကန့် ၂၀ မပြည့်သေးဘဲ လက်ဆေးတာကို ရပ်လိုက်ရင် ဆက်ဆေးဖို့ ပြောမှာပါ။ အိပ်ပြန်ရောက်တာနဲ့ လက်ဆေးဖို့ သတိပေးနိုင်ပြီး Health App ကလည်း သင် လက်ဆေးတဲ့ အမူအကျင့်ကို မှတ်သားထားပေးမှာပါ။ အားကစားနည်း အသစ် ၄ မျိုးကို တွက်ချက်ပေးလာနိုင်ပါတယ်။

watchOS 7 မှာ Watch Faces တွေကို မျှဝေလာနိုင်ပြီး နှစ်သက်သလို Customize ပြုလုပ်လာနိုင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းက တစ်ပတ်ကို နာရီ ၄၀ လောက် 80 Decibels နဲ့ နားကြပ်ကနေ သီချင်းနားထောင်ရင် နားကို ထိခိုက်စေတယ်လို့ သတိပေးထားပါတယ်။ iPhone , iPod Touch , Apple Watch ကနေ နားကြပ်နဲ့ သီချင်း နားထောင်ရင် တစ်ပတ်ကို နာရီ ၄၀ ပြည့်တဲ့ အခါမှာ watchOS 7 က သတိပေးမှာပါ။

watchOS 7 က စက်ဘီး စီးတဲ့ လမ်းကြောင်းကို ပြသပေးနိုင်လာပြီး Siri က စမတ်နာရီမှာ ဘာသာပြန်ပေးနိုင်လာပါတယ်။ watchOS 7 ကို Apple Watches Series 3 နဲ့ သူ့နောက်ပိုင်းထုတ် Apple Watch တွေမှာ ထည့်သွင်းနိုင်မှာ ဖြစ်ပြီး နောက်လမှာ Public Beta ကို ဖြန့်ချိပေးမှာပါ။

ref : gsmarena

%d bloggers like this: