Redmi Note 7 အတွက် တရုတ်မှာ Android 10 Stable Update ရပြီ

Xiaomi ဟာ တရုတ်က Redmi 7A အတွက် Android 10 Update ကို ဒီလ ပထမ အပတ်က ဖြန့်ချိပေးခဲ့ပြီး ရက်ပိုင်းအနည်းငယ်အကြာမှာ Redmi Note 7 Pro အတွက် ပံ့ပိုးပေးခဲ့ပါတယ်။ မနေ့က Redmi 7 ကိုင်ထားသူတွေ ရခဲ့ပြီး အခုတော့ 48MP ကင်မရာ ပါတဲ့ Xiaomi ရဲ့ ပထမဆုံး ဖုန်း ဖြစ်တဲ့ Redmi Note 7 အလှည့်ရောက်လာပါပြီ။

Xiaomi ဟာ သူ့ ဖုန်း အများစုအတွက် MIUI Version မျိုးဆက် ၃ ခုကို ဖြန့်ချိပေးထားတဲ့အတွက် တော်တော် ကောင်းတဲ့ ပံ့ပိုးမှုပါ။ တရုတ်က Redmi Note 7 အတွက် Android 10 Update ရဲ့ Build Number က V11.0.2.0.QFGCNXM ဖြစ်ပါတယ်။ Global Version ရဲ့ Build Number က ကွဲပြားမှာပါ။ Global Version ကို မကြာခင် နိုင်ငံတကာအတွက် ဖြန့်ချိပေးတော့မှာပါ။

တရုတ်က Redmi 7/ Redmi Note 7 Series အားလုံးဟာ Android 10 Update ရသွားပါပြီ။ ဒါပေမယ့် Xiaomi က တခြားနိုင်ငံတွေအတွက် မဖြန့်ချိပေးသေးပါဘူး။ အဲဒီ စမတ်ဖုန်းတွေဟာ လာမယ့် ရက်သတ္တပတ်တွေအတွင်းမှာ MIUI 12 Stable Update ကို ရကြမှာပါ။

Xiaomi ဟာ Redmi Note 8 / Redmi 8 Series တွေအတွက် မကြာခင်မှာ Android 10 Update ကို ဖြန့်ချိပေးမယ်လို့ ထင်ရပါတယ်။ နိုင်ငံတကာမှာ Redmi Note 8 Pro ဟာ Update ရထားပြီးပါပြီ။

Ref :gizmochina

%d bloggers like this: