Asus က Tencent နဲ့ ပူးပေါင်း ဖန်တီးထားတဲ့ ROG Phone 3 ကို ဇူလိုင်လမှာ ကြေညာတော့မယ်လို့ အတည်ပြုလိုက်ပါတယ်။ ကြေညာမယ့် နေ့ အတိအကျကို မသိရသေးပါဘူး။ သူ့မှာ Tencent ရဲ့ Customization များစွာ ပါလာမှာ ဖြစ်ပြီး ဂိမ်းကစားရင် အရမ်းလန်းအောင် ပြုလုပ်ထားမှာပါ။
Asus ROG Phone 3 ရဲ့ Specs နဲ့ ဓါတ်ပုံတွေ မကြာခင်က ထွက်ပေါ်လာပြီး ၆.၅၉ လက်မ FHD+ OLED မျက်နှာပြင် ပါလာမှာ ဖြစ်ပါတယ်။ Snapdragon 865 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 16GB RAM ပါလာမှာပါ။ 144Hz Refresh Rate ထည့်ထားမှာ ဖြစ်တဲ့အတွက် မျက်နှာပြင် တုန့်ပြန်မှု အရမ်းလန်းမှာပါ။ 30W Fast Charging ထောက်ပံ့တဲ့ 6,000mAh ဘက်ထရီ ထည့်ထားမှာပါ။
ကင်မရာ ဒီဇိုင်းက အရင်မျိုးဆက်နဲ့ မတူတော့ဘဲ အားလုံးပေါင်း ကင်မရာ ၃ လုံးလောက် ပါလာနိုင်ပြီး ပင်မ ကင်မရာနဲ့အတူ Ultrawide နဲ့ Telephoto ကင်မရာ ၂ လုံး ထည့်ထားနိုင်ပါတယ်။ အနောက်ကင်မရာတွေကို အလျားလိုက် တပ်ဆင်ထားပါတယ်။ Cooling စနစ်နဲ့ အရွယ်ကြီး ဘက်ထရီ ပါတဲ့အတွက် ဖုန်းက တော်တော်ထူပါတယ်။
ဓါတ်ပုံမှာ ဖုန်း အနောက်ဘက်ရော အရှေ့ဘက်ကိုပါ ပြသထားပြီး အရှေ့ဘက်မှာ Notch နဲ့ Punch Hole တွေ မပါပါဘူး။ အနောက်ဘက် ဒီဇိုင်းဟာ ROG Phone II နဲ့ ဆင်တူပြီး မျက်နှာပြင် အထက်နဲ့ အောက်က ဘောင်တွေဟာ အရွယ်အစားနဲ့ ဒီဇိုင်း တူနေပါတယ်။ အနောက်ဘက်ကို ဖန်နဲ့ ဖုံးအုပ်ထားပြီး အလယ်မှာ LED ROG Logo ပါပါတယ်။ ၉.၈၅ မီလီမီတာ ထူပြီး ၂၄၀ ဂရမ် လေးတယ်လို့ သတင်းထွက်နေပါတယ်။
Ref : gsmarena
You must log in to post a comment.