Wear OS အတွက် Hardware-accelerated Watchfaces ရမည်

Apple က Apple Watch နဲ့ watchOS တွေရဲ့ လုပ်ဆောင်ချက် အသစ်တွေကို WWDC မှာ ကြေညာလိုက်ပါတယ်။ ဒါပေမယ့် Google ရဲ့ Wear OS ကတော့ တခြား စမတ်နာရီ OS တွေထဲမှာ နောက်ကောက်ကျနေပါတယ်။ အခုတော့ Android Developer Website ရဲ့ Support Page မှာ Watchfaces တွေ ပိုမိုချောမွတ်လာပြီး Animation ပါတဲ့ Watchfaces ပြုလုပ်ပေးမယ်လို့ သတင်းပေးလိုက်ပါတယ်။

Wearable Support Library Version 2.7.0 မှာ Developers တွေက Watchfaces အတွက် Hardware-acceleration ကို အသုံးပြုလာနိုင်မှာ ဖြစ်ပြီး အရင်ကတော့ Wear OS Apps တွေပဲ ရခဲ့တာပါ။ အဲဒီအတွက် Developers တွေက ပိုချောမွတ်တဲ့ Animation တွေကို သုံးပြီး Watchfaces တွေကို ဖန်တီးနိုင်တော့မှာ ဖြစ်သလို ဘက်ထရီ သက်တမ်း ပိုကောင်းလာမှာပါ။

Wear OS အတွက်လည်း ဒါမျိုးရမယ်လို့ ထင်ပါတယ်။ လက်ရှိမှာ အရမ်းလန်းတဲ့ Wear OS Watches များစွာကို ဘရန်းမျိုးစုံက ထုတ်လုပ်ရောင်းချနေကြပေမယ့် Operating System က သိပ်မလန်းပါဘူး။ ၂၀၁၈ ခုနှစ်ကတည်းက Update မပေးခဲ့တာ ဖြစ်တဲ့အတွက် Wear OS အတွက် Major Update ထွက်လာရင် အရမ်း ကောင်းမှာပါ။

Ref : gsmarena

%d bloggers like this: