AirPods က သီချင်းဖွင့်ထားတဲ့ Device တွေကို အလိုလို ပြောင်းပေးနိုင်တော့မယ်

Apple က ဒုတိယမျိုးဆက် AirPods နဲ့ AirPods Pro မှာ Automatic Switching ပါမယ်လို့ ကြေညာလိုက်ပါတယ်။ Powerbeats, Powerbeats Pro နဲ့ Beats Solo Pro တို့မှာလည်း အဲဒီလုပ်ဆောင်ချက် ရကြမှာ ဖြစ်ပါတယ်။

နားကြပ်က သီချင်းဖွင့်ထားတဲ့ Apple Device တွေကို အလိုလို ပြောင်းလဲ ချိတ်ဆက်ပေးမှာပါ။ ဥပမာအားဖြင့် သင့် iPhone မှာ သီချင်းဖွင့်ထားချိန်မှာ MacBook မှာ ဗီဒီယို ဖွင့်လိုက်ရင် ပြောင်းချိတ်ဆက်ပေးမှာပါ။ အဲဒီနောက်မှာ သင့် iPhone မှာ ဖုန်း ဝင်လာရင် ပြောင်းချိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ အရမ်းမိုက်တဲ့ လုပ်ဆောင်ချက်ပါ။

AirPods Pro မှာ 3D Sound နည်းပညာ ပါလာမှာ ဖြစ်ပြီး Apple က ဒီနည်းပညာကို Spatial Audio လို့ ခေါ်ပါတယ်။ သူက 3D Surround Sound လို အသံအရည်အသွေးကို ထုတ်လုပ်ပေးနိုင်ပြီး သင့် ခေါင်း လှုပ်ရှားမှုအပေါ် မူတည်ကာ အသံကို ချိန်ညှိပေးနိုင်ပါတယ်။ အဲဒီလုပ်ဆောင်ချက်တွေကို Software Update နဲ့ ထည့်သွင်းပေးမလားဆိုတာ မသိရသေးပါဘူး။

Ref : gsmarena

%d bloggers like this: