Apple က iPadOS 14 ကို ကြေညာ

Apple က iPadOS 14 ကို ကြေညာလိုက်ပြီး Widgets အရွယ်အစားကို ချိန်ညှိလို့ရလာပါတယ်။ Native App တွေကို သုံးလို့ ပိုကောင်းအောင် ဒီဇိုင်း ဆန်းသစ်ထားပြီး Search Function ကို ပိုလန်းအောင် လုပ်ထားပါတယ်။ Apple Pencil သုံးသူတွေအတွက် ရှယ်လုပ်ဆောင်ပါလာပါတယ်။ Scribble လုပ်ဆောင်ချက် အသစ်က လက်ရေးစာသားတွေကို စာရိုက်ထားသလိုမျိုး စီမံခန့်ခွဲနိုင်စေပါတယ်။

Photos , Files နဲ့ Music အားလုံးမှာ Navigation ပိုမြန်စေတဲ့ Sidebars ထည့်ထားပါတယ်။ UI ရဲ့ နေရာတိုင်းမှာ Search ကို သုံးနိုင်လာပြီ ဖြစ်ပြီး App တွေအပြင် သူတို့ထဲက Content တွေကိုပါ ရှာနိုင်လာပါတယ်။ ဖုန်း ဝင်လာရင် အရင်လို သုံးနေတာကို ကွယ်သွားစေတဲ့ Ringing Screen မမြင်ရတော့ဘဲ စကရင် ထိပ်ဖက်နားမှာ Notification အနေနဲ့ ပြပေးမှာပါ။

iPadOS 14 ရဲ့ အလန်းဆုံး လုပ်ဆောင်ချက်က Scribble ဖြစ်ပြီး လက်ရေးစာသားတွေကို စာရိုက်စာသား အဖြစ် ပြောင်းပေးနိုင်ပါတယ်။ iPadOS 14 ရဲ့ Developer Preview ကို Apple Developer Program Member တွေအတွက် ဖြန့်ချိပေးလိုက်ပြီ ဖြစ်ပြီး Public Beta ကို နောက်လမှာ ထုတ်ပေးမှာပါ။ ဖိုင်နယ်ဗားရှင်းကို ဒီနှစ် နှောင်းပိုင်းမှာ ဖြန့်ချိပေးမှာဖြစ်ပြီး iPad mini 4 နဲ့ သူ့အထက် တက်ဘလက်တွေမှာ ရကြမှာပါ။

ref : gsmarena

%d bloggers like this: