OPPO က ဂျပန်မှာ Reno3 A ကို ကြေညာ

OPPO က Reno4 Series ရဲ့ ပထမဆုံး စမတ်ဖုန်းကိုတောင် ကြေညာပြီးပေမယ့် အခုတော့ Reno3 Series ဖုန်း အသစ် ၁ လုံးကို ဂျပန်မှာ ကြေညာလိုက်ပါတယ်။ OPPO Reno3 A လို့ နာမည်ပေးထားပြီး သူ့ရဲ့ ဒီဇိုင်းဟာ Reno3 5G နဲ့ တူပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ လုံးနဲ့ အရှေ့ဘက်မှာ အရွယ်သေး Notch ထည့်ထားတာတွေ တူပေမယ့် Specs တွေကို လျှော့ချထားပါတယ်။

Reno3 A မှာ Snapdragon 665 Chipset မောင်းနှင်ထားပြီး 6GB RAM ပါပါတယ်။ ၆.၄၄ လက်မ AMOLED မျက်နှာပြင်ပါလာပြီး အနောက်ဘက်မှာ 48MP Main , 8MP Ultrawide-angle , 2MP Depth နဲ့ 2MP Macro ကင်မရာတွေ ထည့်ထားပါတယ်။ အရှေ့ဘက်မှာ 16MP ကင်မရာ ပါပါတယ်။

ColorOS 7.1 မောင်းနှင်ထားပြီး 4,025mAh ဘက်ထရီ ပါပါတယ်။ USB-C Port တပ်ဆင်ထားပေမယ့် Fast Charging မပါပါဘူး။ Online Payment အတွက် NFC နဲ့ Bluetooth 5.0 ထောက်ပံ့ထားပါတယ်။ အနက်နဲ့ အဖြူရောင်တွေ ရွေးချယ်နိုင်ပြီး ယန်း ၃၉,၈၀၀ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၅ သိန်း ၁ သောင်းလောက် ကျသင့်မှာပါ။

Ref : gsmarena

%d bloggers like this: