OPPO Find X2 Series အတွက် Android 11 Beta ရပြီ

Google က ဒီလ အစောပိုင်းမှာ Android 11 Public Beta Testing ကို ပြုလုပ်ပေးခဲ့ပြီး အဲဒီ Update ကို ဖုန်း ကုမ္ပဏီတွေအတွက် ဖြန့်ချိပေးနေပါပြီ။ ကတိပေးထားတဲ့ အတိုင်း OPPO က Find X2 Series အတွက် Android 11 Beta ကို ဖြန့်ချိပေးလိုက်ပြီ ဖြစ်ပြီး Google ဖုန်း မဟုတ်တဲ့ထဲမှာ အစောဆုံး ရသွားတဲ့ ဖုန်းတွေ ဖြစ်ပါတယ်။ Update ကို Beta စာရင်းပေးသွင်းထားတဲ့ X2 Series တွေမှာ Over The Air ကနေ ရယူနိုင်မှာ ဖြစ်ပြီး OPPO Developers Website ကနေ Early Adopters ကလည်း Download ရယူနိုင်မှာ ဖြစ်ပါတယ်။

Android 11 မှာ Notification Shade ကနေ စာပြန်နိုင်သလို Messaging App တွေအတွက် Floating Bubble ကို သုံးနိုင်မှာ ဖြစ်ပါတယ်။

Google က One Time Permission အသစ်နဲ့ Privacy Protection ကို အဆင့်မြှင့်ပေးထားပြီး Auto Restart Option နဲ့ Background Location Permission Control တွေ ထည့်ထားပါတယ်။ X2 Series မှာ ColorOS 7.2 အခြေပြု Android 11 Beta ရရှိမှာ ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: