Xiaomi က တရုတ်မှာ Redmi 9 ကို ၂၄ ရက်နေ့ ကြေညာမည်

Xiaomi က Redmi 9 ကို ဥရောပနဲ့ အရှေ့တောင်အာရှ နိုင်ငံတချို့မှာ ကြေညာပြီးပါပြီ။ ဒါပေမယ့် မိခင် နိုင်ငံ တရုတ်မှာ မကြေညာရသေးပါဘူး။ အခုတော့ Xiaomi က တရုတ်မှာ ၂၄ ရက်နေ့ ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။

Redmi 9 ဟာ တန်ဖိုးနည်း စမတ်ဖုန်း ဖြစ်ပြီး မြန်မာငွေ ၁ သိန်းကျော်လောက်ပဲ ရှိပါတယ်။ Xiaomi က “ ယွမ် ၇၀၀ နဲ့ ၁၀၀၀ ကြား စမတ်ဖုန်းတွေရဲ့ ၄၇ ရာခိုင်နှုန်းမှာ အနောက် ကင်မရာ ၁ လုံး၊ ၂ လုံးပဲ ပါလာကြပါတယ်။ စွမ်းရည်မြင့် ဖုန်းတွေမှာတော့ ကင်မရာ ၅ လုံးလောက် ပါလာကြပါတယ်။ Redmi 9 မှာ ၄ လုံးတောင်ထည့်ပေးထားပြီး Depth နဲ့ Macro ကင်မရာတွေလည်း ပါပါတယ်။ “ လို့ ပြောပါတယ်။

Redmi 9 မှာ အလန်းစား 5,020mAh ဘက်ထရီနဲ့ 18W Fast Charging ပါလာပါတယ်။ တရုတ်မှာ ပထမဆုံး Flash Sale ကို ၂၄ ရက်နေ့ နေ့လည် ၁၀ နာရီမှာ ရောင်းမှာ ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: