Apple က ကိုရိုနာဗိုင်းရက်စ်ကြောင့် အမေရိကန်က စတိုးတချို့ကို ပြန်ပိတ်မည်

Apple ဟာ မကြာခင်ကမှ ပြန်ဖွင့်ခဲ့တဲ့ အမေရိကန်က စတိုးတချို့ကို ကိုရိုနာဗိုင်းရက်စ် ကူးစက်မှု ပြန်မြင့်မားလာတဲ့အတွက် ပြန်ပိတ်တော့မယ်လို့ Bloomberg က သတင်းပေးထားပါတယ်။ Florida, Arizona, North Carolina နဲ့ South Carolina က စတိုး ၁၁ ခုကို ယာယီ ပြန်ပိတ်တော့မှာ ဖြစ်ပါတယ်။

Apple ဟာ ကိုရိုနာဗိုင်းရက်စ် ကပ်ရောဂါကြောင့် မတ်လမှာ တရုတ် ပြင်ပက စတိုးအားလုံးကို ပိတ်ခဲ့တာပါ။ မေလမှာ အမေရိကန်က စတိုးတွေကို ပြန်ဖွင့်ခဲ့ပြီး တချို့ကို Customer တွေ ဝင်ခွင့် မပြုဘဲ Service အတွက်ပဲ ဖွင့်ခဲ့တာပါ။ Customer တွေ ဝင်ခွင့်ပေးထားတဲ့ စတိုးတွေမှာလည်း ကိုယ်အပူချိန်တိုင်းတာတာတွေ ပြုလုပ်ခဲ့ပါတယ်။ ဆိုင်ဝန်ထမ်းတွေကိုလည်း မျက်နှာဖုံးတွေ ဝတ်ဆင်စေခဲ့ပါတယ်။

“ ဒေသတချို့မှာ လက်ရှိ ကိုရိုနာဗိုင်းရက်စ် အခြေအနေတွေကြောင့် အဲဒီနေရာတွေက စတိုးတွေကို ပြန်ပိတ်လိုက်ပါတယ်။ ကျွန်တော်တို့ အခြေအနေကို သေသေချာချာ လေ့လာနေပြီး တတ်နိုင်သလောက် စောစော ပြန်ဖွင့်ဖို့ ကြိုးစားမှာပါ။ “ လို့ Apple ရဲ့ ပြောရေးဆိုခွင့်ရှိသူ ၁ ယောက်က ပြောပါတယ်။

ဇွန်လ ၂၀ ရက်နေ့မှာ ပိတ်ခဲ့တဲ့ စတိုးတွေထဲမှာ Florida က ၂ ခု၊ North Carolina က ၂ ခု၊ South Carolina က ၁ ခုနဲ့ Arizona က ၆ ခု ပါပါတယ်။

Ref : theverge

%d bloggers like this: