Samsung Galaxy Watch 3 ရဲ့ ဓါတ်ပုံ အသစ်တွေ ထွက်ပေါ်လာ

Active မော်ဒယ်တွေမှာ Capacitive Version ကို သုံးထားပြီးနောက်မှာ Samsung Galaxy Watch 3 မှာ Rotating Bezel ကို ပြန်သုံးမှာ ဖြစ်ပါတယ်။ သူ့ရဲ့ ဓါတ်ပုံတွေ မကြာခင်က ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပြီး အခုတော့ Screen On နေတဲ့ အချိန်မှာ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေ ပေါက်ကြားလာပါတယ်။

UI ဟာ အရင်မျိုးဆက်တွေနဲ့ အများကြီး မကွာခြားဘဲ Menu ကို Scroll လုပ်ဖို့ ၊ Recent Apps တွေ ကြည့်ဖို့နဲ့ UI ရဲ့ တခြား အစိတ်အပိုင်းတွေအတွက် Rotating Bezel ကို အများကြီး မှီခိုထားပါတယ်။ စမတ်နာရီမှာ Tizen 5.5 OS အသစ် မောင်းနှင်ထားမယ်လို့ ထင်ရပါတယ်။

ထိုင်း အာဏာပိုင် ဝက်ဘ်ဆိုက်က စာရင်းအရ Galaxy Watch3 အတွက် ၄၁ မီလီမီတာ အရွယ်အစား ထုတ်လုပ်ထားမယ်လို့ သိရပြီး FCC က စာရင်းအရ ၄၅ မီလီမီတာ အရွယ်အစားလည်း ထွက်လာမှာ ဖြစ်ပါတယ်။ ၁.၂ လက်မနဲ့ ၁.၄ လက်မ မျက်နှာပြင်တွေ တပ်ဆင်ထားမှာ ဖြစ်ပြီး IP68 နဲ့ MIL-STD-810G စံနှုန်းတွေ ပါလာမှာပါ။ 1GB RAM , 8GB Storage ပါလာမှာ ဖြစ်ပြီး Chipset ကို မသိရသေးပါဘူး။ အရွယ်အစား ၂ မျိုးစလုံးအတွက် LTE Version တွေ ထုတ်လုပ်ထားမှာပါ။ နောက်လမှာ စမတ်နာရီကို Buds Live TWS နားကြပ်နဲ့အတူ ကြေညာနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: